ခိုင်မြဲတဲ့ တွဲလက်တွေဖြစ်ဖို့ဆိုတာ တစ်ယောက်ကို တစ်ယောက် ချစ်နေဖို့တင် မလုံလောက်ပါဘူး။ တစ်ယောက်ကို တစ်ယောက် ပိုပြီး နီးစပ်နားလည်မှု ရှိစေမယ့် အပြုအမူလေးတွေလည်း လုပ်ပေးဖို့ လိုပါတယ်။ ဒီတစ်ခါမှာတော့ Relationship တစ်ခုကို ပျက်စီးတဲ့အထိ ဖြစ်စေနိုင်တဲ့ အန္တရာယ်ရှိ အပြုအမူတစ်ချို့အကြောင်း မျှဝေပေးချင်ပါတယ်။
(၁) Single တစ်ယောက်လို နေခြင်း
Photo: Verywell Mind
ကိုယ့်မှာ ချစ်သူရှိပါလျက်နဲ့ လူလွတ်တစ်ယောက်လို နေတတ်တာမျိုးပါ။ အဲဒီလို နေရင် မကြာခင် တကယ် Single ဖြစ်သွားနိုင်ပါတယ်။
(၂) ကိုယ့်အတွက်ကိုယ်ပဲ ငွေသုံးခြင်း
Photo: Medium
အတူတူချိန်းတွေ့နေချိန်မှာ ကိုယ်စားသောက်တာအတွက်ပဲ ကိုယ်ရှင်းတာတို့ ၊ ရုပ်ရှင်လက်မှတ်ဖိုးကို ကောင်မလေးဆီက ပြန်တောင်းတာတို့ လုပ်တတ်တဲ့ အကျင့်မျိုး ဖြစ်ပါတယ်။ ရည်းစားထားရင် အဲ့သလောက်တော့လည်း ကပ်စေနည်းလို့ မရပါဘူး။
(၃) စိတ်ဝင်စားမှု မရှိခြင်း
Photo: huffingtonpost
သူများရဲ့ အကြိုက်ကို ထည့်မတွက်တတ်ခြင်းမျိုး ဖြစ်ပါတယ်။ အမြဲတမ်း ကိုယ့်ချစ်သူ လုပ်တာအားလုံး စိတ်ဝင်စားဖို့ မလိုပေမယ့် အချစ်ရေးမှာ ပိုခိုင်မြဲဖို့ ကိုယ့်ချစ်သူနဲ့ သူ့ရဲ့ ဝါသနာတွေပေါ်လည်း စိတ်ဝင်စားဖို့တော့ လိုမှာပါ။
(၄) အကဲပိုလွန်းခြင်း
Photo: WomenWorking
တစ်ခုခုဆိုရင် Sensitive ဖြစ်လွန်းတဲ့ ဆတ်ဆတ်ကြဲဖြစ်နေတာ ၊ သဝန်ကြောင်လွန်းတာမျိုးပါ။ ဒါမျိုးက ကိုယ့်ချစ်သူကို စိတ်ပင်ပန်းစေပြီး ကိုယ့်ကို စိတ်ကုန်သွားစေတဲ့အထိ ဖြစ်နိုင်ပါတယ်။
(၅) ကိုယ့်ချစ်သူကို လှောင်ပြောင်ခြင်း
Photo: Elite Daily
တစ်ဖက်လူကို ကိုယ်က ရယ်စရာလိုမျိုး ပြောပေမယ့် သိက္ခာချလိုက်သလို ဖြစ်စေတဲ့ လှောင်ပြောင်မှုမျိုးပါ။ သမီးရည်းစားစုံတွဲတွေမှာ မဟုတ်ပါဘူး။ လူတွေထဲမှာလည်း လေးစားမှုမပါတဲ့ ဆက်ဆံရေးက ခဏလေးနဲ့ ပျက်စီးစေနိုင်ပါတယ်။