သင်က အားကစားလုပ်ဖို့ နေရာမရှိလို့ဖြစ်ဖြစ်၊ အိပ်ယာပေါ်ကနေပဲ လေ့ကျင့်ခန်းလုပ်ချင်လို့ဖြစ်ဖြစ် ဒီအရာတွေကို ပြုလုပ်နိုင်ပါတယ်။ အဓိက က လှုပ်လှုပ်ရှားရှားနေပေးဖို့ပါပဲ။ လေ့ကျင့်ခန်းတွေကို ကြည့်လိုက်ရအောင်နော်-
၁။ Donkey Kicks
Photo Source: Gfycat
- ကုတင်ပေါ်မှာ ဒူးထောက်ပြီး ကုန်းပေးရပါမယ်။
- ပြီးနောက် ဘယ်ဘက်ခြေထောက်ကို ကွေးလျက်အပေါ် မြှောက်ပေးရပါမယ်။
- ဒါကို ဘယ်ဘက် ၄၅ စက္ကန့် ညာဘက် ၄၅ စက္ကန့်စီ လုပ်ပေးရပါမယ်။
၂။ Fire Hydrant
Photo Source: Pinterest
- Donkey Kick လိုအနေအထားနဲ့ နေပေးရပါမယ်။
- ပြီးနောက် ဘယ်ဘက်ခြေထောက်ကို ဘေးဘက်ဆီ ကွေးလျက် ကားပေးရပါမယ်။
- ဒါကို ဘယ်ဘက် ၄၅ စက္ကန့် ညာဘက် ၄၅ စက္ကန့်လုပ်ပေးရပါမယ်။
၃။ Bridge Pulses
Photo Source: Gfycat
- အိပ်လျက်အနေအထားနဲ့ လက်နှစ်ဘက်ကို ဘေးမှာ ထားပေးရပါမယ်။
- ပြီးနောက် တင်ပါးကို အားပြုပြီး အပေါ်ကို ပင့်တင်ပေးရပါမယ်။
- ဒါကို ၄၅ စက္ကန့်လုပ်ပေးရပါမယ်။
၄။ Bridge Hold 45 စက္ကန့်
Photo Source: Verywell Fit
- ပုံထဲက ပြထားသလို ၄၅ စက္ကန့်နေပေးရပါမယ်။
၅။ Calm Shells
Photo Source: Pinterest
- အိပ်လျက်ဘေးစောင်းအနေအထားနဲ့ ဒူးနှစ်ဘက်ကို ကွေးပေးထားရပါမယ်။
- ပြီးနောက် အပေါ်မှာ ရှိတဲ့ ခြေထောက်ကို ကွေးလျက်အနေအထားနဲ့ပဲ အပေါ်ဘက် ကားပေးရပါမယ်။
- ဒီလိုကားနေတဲ့အချိန် ခြေဖဝါးနှစ်ဘက်ကို ပူးထားရပါမယ်။
- ဘယ်ညာ တစ်လှည့်စီ ၄၅ စက္ကန့်လုပ်ပေးရပါမယ်။
ဒီလေ့ကျင့်ခန်း (၅) ခုကို တစ်နေ့မှာ နှစ်ကြိမ်ပြုလုပ်သင့်ပါတယ်။