မိန်းကလေးမှ အသားအရေကိုဂရုစိုက်ရတာ၊ Skincare လုပ်ရတာမဟုတ်ပါဘူး။ ယောင်္ကျားလေးတွေလည်း လုပ်ကြတာပါပဲ။ ယောင်္ကျားလေးတွေက ဘာမှသိပ်မသုံးကြတဲ့အတွက် အသားအရေကြမ်းတမ်း ခြောက်သွေ့တာ၊ ဆားဝက်ခြံထွက်တာတွေ အရမ်းဖြစ်ပါတယ်။ ဆောင်းရာသီမှာဆိုရင် ပိုပြီးအဖြစ်များပါတယ်။ ဒါကြောင့် ယောင်္ကျားလေးတွေအနေနဲ့ ဆောင်းရာသီမှာ အသားအရေကိုဂရုစိုက်သင့်တဲ့ အရာတချို့ကို ပြောပြပေးလိုက် ပါတယ်။ ယောင်္ကျားလေးဆိုတော့ မိန်းကလေးတွေလိုတော့ အများကြီးလုပ်နေစရာမလိုပါဘူး။

နေ့တိုင်း မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ပါ။ မနက်၊ ည တစ်နေ့ ၂ ကြိမ် မျက်နှာသစ်ပေးပါ။

Moisturizer နေ့တိုင်းလိမ်းပေးပါ။ ရေဓာတ်ကောင်းကောင်းပေးနိုင်တဲ့ Moisturizer ကို မနက်၊ ည လိမ်းပေးပါ။

မနက်ပိုင်း၊ နေ့လည်ပိုင်းမှာ အပြင်ထွက်ရင် Sunscreen လိမ်းပေးပါ။ ယောင်္ကျားလေးတော်တော်များများက အပြင်ထွက်ရင် ထီးမဆောင်းပဲ ဒီတိုင်းသွားလာတတ်တာကြောင့် Sunscreen လိမ်းဖို့ ပိုပြီးလိုအပ်ပါတယ်။

ယောင်္ကျားလေးတွေအနေနဲ့လည်း Sheet Mask ကပ်ပေးလို့ ရပါတယ်နော်။ ကပ်ပေးရင်တော့ ပိုကောင်းတာပေါ့။ တစ်ပတ် တစ်ခါ (သို့) တစ်ပတ် နှစ်ခါ ကပ်ပေးနိုင်ပါတယ်။

မုတ်ဆိတ်ရိတ်ရင် Shaving Cream သုံးပြီး ရိတ်ပေးပါ။ ဆောင်းတွင်းမှာ ခဏခဏ မရိတ်ပါနဲ့။

Body Lotion ကို နေ့တိုင်းလိမ်းပေးပါ။ ယောင်္ကျားလေးအများစုကတော့ Lotion လိမ်းတာမျိုးလည်း သိပ်ပြီးလုပ်လေ့မရှိပါဘူး။ ဒါပေမယ့် ဆောင်းရာသီမှာတော့ လိမ်းပေးသင့်ပါတယ်နော်။ မဟုတ်ရင် အသားအရေက ကြမ်းတမ်းပြီး ခြောက်သွေ့မယ်၊ အသားပတ်တာတွေ ဖြစ်ပါမယ်။

တချို့ယောင်္ကျားလေးတွေက နှုတ်ခမ်းအရမ်းခြောက်ပြီး အက်ကွဲတာမျိုးတွေ ဖြစ်ပါတယ်။ နှုတ်ခမ်းကွဲတာကိုခွာရင်းနဲ့ သွေးထွက်တာမျိုးတွေလည်း ဖြစ်ပါတယ်။ ကြာရင် ပိုးဝင်တာမျိုးဖြစ်တတ်တာကြောင့် ညအိပ်ယာဝင်ခါနီးတိုင်း Lip Balm ဆိုးပေးပါ။