ခေါင်းလျှော်တဲ့အချိန်မှာ ဆံပင်ပျက်စီးအောင် မိန်းကလေးအများစုက ဒီအမှားတွေကို အရမ်းလုပ်မိကြပါတယ်။ ဒါတွေက သင့်ဆံပင်ကို ပျက်စီးစေတဲ့အမှားတွေဖြစ်လို့ ဆင်ခြင်လို့ရအောင် ပြောပြပေးလိုက်ပါတယ်။
တော်တော်များများက ခေါင်းလျှော်ပြီဆိုရင် ခေါင်းလျှော်ရည်များများသုံးမှ၊ အဲမြှုပ်များများထွက်မှ ချေးပြောင်တယ်လို့ ထင်နေကြပါတယ်။ တကယ်တော့ ခေါင်းလျှော်ရည်ကို အများကြီး ထည့်သုံးစရာမလိုပါဘူး။ နည်းနည်းလေးပဲ ထည့်သုံးရင် ရပါပြီ။
တော်တော်များများက ခေါင်းလျှော်ရည်နဲ့လျှော်ပြီးမှ conditioner သုံးကြပါတယ်။ ဒီလိုသုံးရင် ဆံပင်ဖွာတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် conditioner သုံးပြီးမှ ခေါင်းလျှော်ရည်နဲ့ လျှော်မယ်ဆိုရင်တော့ ဆံသားသိပ်သိပ်လေးနဲ့ လှနေမှာပါ။
ဆံပင်အဖျားတွေကို ခေါင်းလျှော်ရည် အများကြီးသုံးမယ်ဆိုရင် အဖျားတွေဖွာပြီးခြောက်လာမယ်။ ဆံပင်နှစ်ခွတွေလည်း ဖြစ်လာပါမယ်။ ဆံပင်အဖျားတွေကို ခဏခဏဆီထည့်ပေးဖို့လည်း မမေ့ပါနဲ့။
ခေါင်းလျှော်ရင် ဦးရေပြားကို လက်သည်းတွေနဲ့ ကုတ်တာမျိုး မလုပ်ပါနဲ့။ ဒီလိုကုတ်တာက ဆံပင်ကျွတ်ပြီး ဦးရေပြားစပ်တာမျိုးတွေ ဖြစ်ပါမယ်။
ခေါင်းလျှော်ရည် ရေနွေးနဲ့ လုံးဝမလျှော်သင့်ပါဘူး။ ရေကြက်သီးနွေးနဲ့တောင် မလျှော်သင့်ပါဘူး။ ဒီလိုရေကြက်သီးနွေး၊ ရေနွေးနဲ့လျှော်တာက ဆံပင်ကျွတ်စေတယ်။ ဦးရေပြား ခမ်းခြောက်ပြီး ဗောက်ထစေတယ်။ ဆံသားအဆီဓာတ်ခမ်းခြောက်ပြီး ဆံပင်ဖွာတာ၊ ရှုပ်ထွေးတာမျိုးတွေ ဖြစ်စေပါတယ်။
ခေါင်းလျှော်ပြီး ဆံပင်ရေစိုနေချိန်၊ ဆံပင်အကုန်မခြောက်သေးချိန်မှာ ခေါင်းဖြီးရင် ဆံပင်ကျွတ်ပြီး ဆံသားပျက်စီးစေပါတယ်။
ခေါင်းလျှော်ရည်နဲ့ ခဏခဏ၊ နေ့တိုင်း ခေါင်းလျှော်ရည် ဆံသားအရမ်းပျက်စီးပါမယ်။ အများဆုံး ခေါင်းကို တစ်ပတ် ၂ ခါပဲ လျှော်သင့်ပါတယ်။
Source:www.brightside.me