ဒီတစ်ခေါက်မှာတော့ တင်သားပြည့်ပြီး ကိတ်လာစေမယ့် လေ့ကျင့်ခန်း (၃) ခုကို ဖော်ပြပါရစေ။ ပြားချပ်ချပ်ပုံစံဆိုရင်တော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတဲ့မိန်းကလေးတစ်ယောက်ဆိုရင် ဒီအရာက ကိုယ့်အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာပါပဲ။ သင်က လေ့ကျင့်ခန်းနည်းနည်းနဲ့ ထိထိရောက်ရောက် တင်ပါးပြည့်လာစေချင်တယ်ဆိုရင်တော့ ပရိုတင်းဓာတ်များများပါဝင်အောင် စားသုံးပေးရပါမယ်။ အစားအသောက်နဲ့အတူ ဒီလေ့ကျင့်ခန်းတွေကိုပါ တွဲဖက်လုပ်ဆောင်နိုင်ပါတယ်။

၁။ Donkey Kicks

Photo Source: Gfycat

  • ကုန်းလျက်အနေအထားနဲ့ ဒူးထောက်ပေးရပါမယ်။
  • ပြီးနောက် ညာခြေထောက်ကို အပေါ် မြှောက်တင်ပေးရပါမယ်။
  • ဒီလိုမြှောက်တင်တဲ့အချိန် တင်ပါးကို အားပြုပေးရပါမယ်။
  • ဘယ်ညာ တစ်ဘက်စီကို ၁၀ ခါ သုံးကြိမ်လုပ်ပေးရပါမယ်။

၂။ Pulsing Squat

Photo Source: Pinterest

  • Squat ထိုင်တဲ့ပုံစံမျိုးကို လုံးဝထိုင်ချတာမျိုးမဟုတ်ဘဲ တင်ကို အားပြုပြီး အမြန်လုပ်ပေးရပါမယ်။
  • ဒါကို ၁၅ ခါကနေ အခါ ၂၀ အထိ သုံးကြိမ်လုပ်ပေးရပါမယ်။

၃။ Single Leg Glute Bridge

Photo Source: Gfycat

  • လက်နှစ်ဘက်ကို ဘေးမှာချပြီး အိပ်လျက်အနေအထား နေပေးရပါမယ်။
  • ခြေထောက်တစ်ဘက်ကို အပေါ် မြှောက်ပေးရပါမယ်။
  • ဒီမြှောက်လျက်အနေအထားနဲ့ တင်ပါးကို အားပြုပြီး အပေါ် ညှစ်တင်ပေးရပါမယ်။
  • ဒါကို ဘယ်ညာတစ်လှည့်စီ ၁၀ ခါ သုံးကြိမ်လုပ်ပေးရပါမယ်။

By MyStyle Myanmar