Suit တွေက တစ်ထည်ဆို ဆိုသလောက် ဈေးမြောက်တာကြောင့် တော်ရုံကိစ္စနဲ့ အသစ်တစ်ထည်ဝယ်ဖို့ မလွယ်ပါဘူး။ နောက်တစ်ခုက Suit ဝယ်မယ်ဆိုရင် မမှားဖို့ လိုပါတယ်။ များသောအားဖြင့် Suit ဝယ်ရင် အသင့်ချုပ်တွေ ဝယ်ကြတာ ဖြစ်လို့ ကိုယ့်ဘော်ဒီနဲ့ Fit ဖြစ်တာကို မဖြစ်မနေ ရှာဖို့ လိုပါတယ်။ Suit ရွေးမယ်ဆိုရင် ကိုယ်နဲ့တော် မတော် သိဖို့အတွက် ဒီနည်းလမ်းလေးတွေ သုံးပြီး စစ်ဆေးသင့်ပါတယ်။

(၁) Shoulder Pad တွေ နေရာမှန်လား

Photo: Pinterest

Suit ဝတ်မယ်ဆိုရင် ပုခုံးပေါ်က Shoulder Pad ဟာ ပုခုံးပေါ်မှာပဲ အတိအကျ ရှိဖို့ လိုပါတယ်။ ပုခုံးပေါ်က လျှောကျနေရင် Suit က ကိုယ့်အတွက် ဆိုဒ်ကြီးနေမှာ ဖြစ်ပြီး ပုခုံး မလုံရင်လည်း Suit က သေးနေမှာ ဖြစ်ပါတယ်။

(၂) ကိုယ်လုံးမှာ ပုံကျရဲ့လား

Photo: What Neil Did

Shoulder Pad တွေ တိုင်းပြီးရင် ကိုယ့်ရဲ့ ကိုယ်လုံးနဲ့ Suit က ချပ်ချပ်ရပ်ရပ် ရှိသလားဆိုတာ စမ်းကြည့်ရမှာပါ။ ကြယ်သီးနှစ်လုံးတပ် Suit တွေမှာဆို အလွယ်ဆုံး စမ်းသပ်တဲ့ နည်းက အပေါ်ဆုံး ကြယ်သီးတပ်ကြည့်တာပဲ ဖြစ်ပါတယ်။ ကြယ်သီးသုံးလုံးတပ်ဆိုရင် အလယ်ကြယ်သီးကို တပ်ကြည့်ပြီး အောက်ဆုံးကြယ်သီးတွေ ဒီအတိုင်းဖွင့်ထားကြည့်ပါ။ ဝတ်ရတာ အဆင်ပြေတယ်ဆိုရင် ဆိုဒ်မှန်တယ်လို့ ယူဆနိုင်ပါတယ်။

(၃) လက်မောင်းအိုးနေရာတွေ နေသာရဲ့လား

Photo: Distractify

နောက်တစ်ခုက လက်မောင်းတွေ နေရာကျရဲ့လားဆိုတာကို စမ်းကြည့်ဖို့ပါ။ အောက်မှာ ရှပ်အင်္ကျီလည်း ခံဝတ်မှာ ဖြစ်လို့ လက်အတွက် နေရာလုံလုံလောက်လောက် ချန်ထားဖို့ လိုပါတယ်။

(၄) လက်အရှည်မှန်ရဲ့လား

Photo: Click and Fab

ဂျက်ကတ်ရဲ့ လက်အရှည် အဆင်ပြေမပြေ သိချင်တယ်ဆိုရင် လက်မောင်းကို ဘေးချ လက်ဖဝါးဖြန့်ပြီး ဆန့်ကြည့်ပါ။ အောက်ခံရှပ်လက်နဲ့ ဂျက်ကတ်လက်အကွာအဝေးကို ကြည့်လိုက်လို့ အောက်ခံရှပ်ရဲ့ လက်က တစ်လက်မရဲ့ ၄ ပုံ ၁ ပုံ ဒါမှမဟုတ် လက်မဝက်လောက် ထွက်လာရင် အနေအထား မှန်တယ်လို့ ဆိုနိုင်ပါတယ်။

(၅) ဂျက်ကတ်အရှည် ဘယ်လောက်လဲ

Photo: Jos. A. Bank

ဂျက်ကတ်ရဲ့ အရှည်ကို သိချင်ရင် အောက်အနားစွန်းဟာ လက်မလက်အောက်ဆုံးအဆစ်ကို ဖုံးတဲ့အထိ ရှိသင့်ပါတယ်။ဂျက်ကတ်ဟာ ခါးပတ်နဲ့ ခေါင်းဘီခေါင်းကို ဖုံးနေဖို့လိုပါတယ်။