သင်က ပေါင်သွယ်သွယ်လေးနဲ့ ဘောင်းဘီအကျပ် ဝတ်ချင်တယ် ဒါမှမဟုတ် စကပ်တိုတိုလေးတွေဝတ်ချင်တယ်ဆိုရင်တော့ ဒီလွယ်ကူတဲ့လေ့ကျင့်ခန်းတွေကို ပြုလုပ်နိုင်ပါတယ်။
၁။ Side Leg Triangle
Photo Source: Brightside
- ဘေးစောင်း လက်ထောက်အနေအထားနဲ့ နေပေးရပါမယ်။
- ပြီးနောက် အပေါ် ခြေထောက်ကို မြှောက်ပေးရပါမယ်။
- ဒီလိုမြှောက်တဲ့အခါ ရှေ့နောက် လွှဲမြှောက်ပေးရပါမယ်။
- ဒါကို တစ်လှည့်စီ အခါ ၂၀ လုပ်ပေးရပါမယ်။
၂။ Bicycle Leg
Photo Source: Canadian Living
- ပုံထဲက အတိုင်း ဘေးစောင်း ခြေထောက်ကွေးလျက်အနေအထားနဲ့ ရှေ့ကို ဆန့်ပေးရပါမယ်။
- ပြီးနောက် နောက်ဘက်ကို သွားပေးရပါမယ်။
- နဂို ကွေးတဲ့ပုံစံမျိုး စက်ဘီးစီးတဲ့ပုံစံ သွားပေးရပါမယ်။
- တစ်ဘက်စီကို ၂၅ ခါလုပ်ပေးရပါမယ်။
၃။ Leg Circles
Photo Source: Giphy
- ခြေထောက်ကို မြှောက်ပြီးနောက် စက်ဝိုင်းပုံစံ ပတ်ပေးရပါမယ်။
- ရှေ့ ၁၅ ခါ နောက် ၁၅ ခါ ဘယ်ညာတစ်လှည့်စီ ပတ်ပေးရပါမယ်။
၄။ Froggers
Photo Source: Pinterest
- ခြေထောက်နှစ်ဘက်ကို ပူးထားပေးရပါမယ်။
- ပြီးနောက် ပုံထဲကအတိုင်း ကိုယ့်ဘက်ဆီ ကွေးပေးရပါမယ်။
- နဂိုအနေအထားပြန်သွားရပါမယ်။
- ဒါကို ၂၅ ခါ လုပ်ရပါမယ်။
By MyStyle Myanmar