ခါးသေးသေးလေးနဲ့ သွယ်လျတဲ့ခန္ဓာကိုယ်က ဘယ်အင်္ကျီဝတ်ဝတ် လိုက်ဖက်လွန်းပါတယ်။ ခါးသေးဖို့က နဂိုခါးကြီးနေတဲ့သူတွေအတွက် ခက်ခဲပေမယ့် လေ့ကျင့်ခန်းပုံမှန်လုပ်ပေးရင်တော့ ခါးပိုသေးလာပါလိမ့်မယ်။ ခါးသေး တင်ကားလာစေမယ့် လေ့ကျင့်ခန်းတွေကတော့-
၁။ Leg Lifts
Photo Source: Flab Fix
လက်တစ်ဘက်ကို အားပြုပြီး ဒူးတစ်ဘက်ကို ထောက်ထားရပါမယ်။
ဘေးစောင်းအနေအထားနဲ့ ခြေထောက်ကို မြှောက်ပေးရပါမယ်
ဒါကို ဘယ်ညာတစ်ဘက်စီ အခါ သုံးဆယ် လုပ်ပေးရပါမယ်။
၂။ Leg Lifts Plank
Photo Source: Women Fitness
- ခုဏက အနေအထားကိုပဲ ခြေထောက်ကို တန်းလျက် နေပေးရပါမယ်။
- ဒါကို တစ်ဘက်ဆီ စက္ကန့် ၂၀ ဆီ နေပေးရပါမယ်။
၃။ Leg Lifts Plank Circles
- Leg Lifts Plank အနေအထားနဲ့ပဲ ခြေထောက်ကို စက်ဝိုင်းဝိုက်တဲ့ပုံစံ လုပ်ပေးရပါမယ်။
- တစ်ဘက်ကို ၁၂ ခါ စက်ဝိုင်းပုံစံ ဝိုက်ပေးရပါမယ်။
၄။ Sissor Snips
Photo Source: Best Workout Wallpapaer Collection | WorkoutWalls – blogger
- ခြေထောက်ကို ဘေးဘက်စောင်းအနေအထားနဲ့ ကတ်ကြေးညှပ်တဲ့ပုံစံ ခွာပြီး ပူးပေးရပါမယ်။
- ဒါကို အခါ ၄၀ လုပ်ပေးရပါမယ်။
၅။ Side Leg Lifts
Photo Source: Verywell Fit
- ခန္ဓာကိုယ်ကို တစ်တန်းတည်းထားပြီး ခြေထောက်နှစ်ဘက်ကို ပူးလျက် အပေါ် မြှောက်ပေးရပါမယ်။
- ဒါကို အခါ ၂၀ ကနေ ၃၀ လုပ်ပေးရပါမယ်။
၆။ Bicycle Crunches
Photo Souce: TrainHardTeam
- အိပ်လျက်အနေအထားနဲ့ လက်နှစ်ဘက်ကို ခေါင်းနောက်ထားပေးရပါမယ်။
- ပြီးနောက် ဒူးနဲ့တိုက်ပေးရပါမယ်။
- ဒါကို အခါ ၃၀ လုပ်ပေးရပါမယ်။
ဒီလေ့ကျင့်ခန်းတွေနဲ့အတူ ပရိုတင်းပါတဲ့အစားအသောက်တွေကို စားပေးသင့်ပါတယ်။
By MyStyle Myanmar