ပျိုမေတို့အားလုံးမင်္ဂလာပါ။ ဗိုက်က သာမန်ချပ်တာနဲ့ ကြွက်သားတွေပေါ်ပြီး ချပ်တာက ပုံစံမတူပါဘူး။ ကြွက်သားနဲ့အတူ ဗိုက်ချပ်တာက ပိုအထာကျစေပါတယ်။ ပိုပြီးတော့ သင့်ကို ယုံကြည်မှုရှိစေပါတယ်။ ဗိုက်မှာကြွက်သားပိုင်ဆိုင်ဖို့က အင်မတန်ခဲယဉ်းတဲ့ကိစ္စတစ်ခုပါ။ ဒါပေမဲ့ ဒီလေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ပေးရင်တော့ကြွက်သားပိုင်ဆိုင်ဖို့ အခွင့်အလမ်းများလာမှာပါ။
၁။ Bicycle Crunches
Photo Source: TrainHardTeam
- အိပ်လျက်ပုံစံနဲ့ လက်နှစ်ဖက်ကို နောက်မှာထားပေးရပါမယ်။
- ဘယ်တံတောင်နဲ့ ညာဒူးကို တိုက်တဲ့ပုံစံလုပ်ပေးရပါမယ်။
- ဒါကို အခါ ၃၀ စာ ၃ ကြိမ်လုပ်ပေးရပါမယ်။
၂။ Kneeling Cross Body Crunches
Photo Source: Make A Gif
- ညာဘက်လက်နဲ့ ဘယ်ဘက်ဒူးကို အားပြုပြီးထောက်ပေးရပါမယ်။
- ကျန်တဲ့လက်ကို ရှေ့ဘက် ဆန့်ပေးရပါမယ်။ ဒီဆန့်တာနဲ့အတူ ကျန်တဲ့ ညာဘက်ဒူးကို နောက်ဘက် ဆန့်ပေးရပါမယ်။
- ဒါကို တစ်ဘက်စီ ၁၅ ခါ ၃ ကြိမ်လုပ်ပေးရပါမယ်။
၃။ Reverse Crunches
Photo Source: Make A Gif
- အိပ်လျက်အနေအထားနေပေးရပါမယ်။
- ပြီးနောက် ခြေထောက်ကို အပေါ်မြှောက်ပေးရပါမယ်။
- ဒါကို ၁၅ ခါ ၃ ကြိမ်လုပ်ပေးရပါမယ်။
၄။ Side to Side Heel Tap
Photo Source: Make A Gif
- လက်နှစ်ဖက်ကို အိပ်လျက်အနေအထားနဲ့ ခြေဖနောင့်ဆီ ထိပေးရပါမယ်။
- ဒါကို အခါ ၃၀ စာ ၃ ခါ လုပ်ပေးရပါမယ်။
၅။ Hallow Body Hold
Photo Source: Pinterest
- ပုံထဲကပြထားတဲ့အနေအထားအတိုင်း စက္ကန့် ၂၀ နေပေးရပါမယ်။
- ဒီလို စက္ကန့် ၂၀ ကို သုံးခါ လုပ်ပေးရပါမယ်။
By MyStyle Myanmar