တခါတလေ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ မပြည့်စုံခြင်းတွေတွက် အပြစ်တင်တတ်ကြပါတယ်။ အခြားသူနဲ့နှိုင်းယှဉ်ပြီး ကိုယ့်ကိုကိုယ် သိမ်ငယ်စိတ် ဝင်တက်ကြပါတယ်။ မကျေမနပ်တွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် အခုအဲ့ဒီ ရှက်ရွံ့အားငယ်တတ်တာတွေကို ရပ်လိုက်ကြပါစို့။

(၁) အသက်မွေးဝမ်းကြောင်းအလုပ်

Photo : 123RF.com

အခြားသူတွေရဲ့အလုပ်နဲ့ယှဉ်ပြီး သင့်အလုပ်ဟာ အရမ်းကြီးမအောင်မြင်သေးတဲ့အခါ ၊ လစာနည်းနေတဲ့ခါ အလိုလို အားငယ်လာတတ်ကြပါတယ်။ ဒါပေမယ့် ကိုယ်လုပ်တဲ့အလုပ်မှာ စိတ်ချမ်းသာပြီး ကိုယ့်ကိုယ်ကို ကျေနပ်နေတယ်ဆိုရင် ဒါတွေဟာ ရှက်စရာလည်း မဟုတ်သလို အားငယ်စရာလည်း မလိုပါဘူး။

(၂) မွေးရာပါအားနည်းချက် (သို့) မသန်စွမ်းခြင်း

Photo : Magazine Luiza

အချို့သော အရာတွေကို သင်မစွမ်းဆောင်နိုင်တဲ့အခါ သင့်ကိုယ်သင် မကျေနပ်တာတွေ အားမရတာတွေ ဖြစ်လာတတ်ပါတယ်။ တစ်ခုသိထားရမှာက လူတိုင်းမှာ အားနည်းချက် ကိုယ်စီရှိတတ်ကြပါတယ်။ ဒီအရာတစ်ခုကို မစွမ်းဆောင်နိုင်လို့ သင့်ကိုယ်သင်အရှုံးသမားလို့ သတ်မှတ်လို့လည်း မရပါဘူး။

(၃) ကိုယ်ရွေးချယ်ထားတဲ့ မိတ်ဆွေအပေါင်းအသင်း

Photo : Unsplash

သင့်ရဲ့မိတ်ဆွေဟာ မပြည့်စုံနေလို့ တခုခု ချွတ်ယွင်းနေလို့ ပတ်ဝန်ကျင်းက ပြောလာမှာကို ကြောက်နေတာလား။ ဒါဟာလုံးဝမှားပါတယ်။ မိတ်ဆွေဆိုတာ အချင်းချင်း နားလည်ပေးနိုင်မှု ကူညီနိုင်မှုတွေ ချစ်ခြင်းမေတ္တာတွေ နဲ့ ချည်နှောင်ထားတာမို့ ဘေးစကားတွေ တကယ်မလိုအပ်ပါဘူး။

(၄) အတိတ်

Photo : The Active Times

သင့်မှာမကောင်းတဲ့ အတိတ်ဇာတ်ကြောင်းတွေရှိခဲ့လို့ ပတ်ဝန်းကျင်ကိုရင်ဆိုင်ရမှာကြောက်နေတာလား။ မစိုးရိမ်ပါနဲ့။ သင့်ရဲ့ အတိတ်ကို လက်ခံပြီး အနာဂတ်ကို အကာင်းဆုံး ပြင်ဆင်ပြီး ဖြတ်သန်းမယ်ဆိုရင် သင့်ဘဝဟာ သာယာအေးချမ်းမှာပါ။

(၅) အားနည်းချက်များ

Photo : Healthline

အကယ်၍ သင့်မှာ ရုပ်ပိုင်ဆိုင်ရ ချွတ်ယွင်းချက်တွေရှိတာကြောင့် ရှက်ရွံ့ပြီး ပတ်ဝန်းကျင်ကို ရင်မဆိုင်နိုင်တာမျိုး ဖြစ်နေတာလား။ အားငယ်နေတာလား။ ဒါတွေက တကယ်အရေးမကြီးပါဘူး။ ကိုယ့်ကိုကိုယ် လက်ခံပြီး အကောင်းဆုံးကြိုးစားနေထိုင်ရင် ဘဝကြီးကတကယ် ပျော်စရာကောင်းပါတယ်။

(၆) တချို့ မပိုင်ဆိုင်ရသောအရာများ

Photo : ChatOwl

တချို့လူတွေဟာ နာမည်ကြီး အဝတ်အစားအသုံးအဆောင်တွေကို အသုံးမပြုနိုင်ကြတဲ့ခါ သိမ်ငယ်စိတ်တွေဝင်တတ်ကြပါတယ်။ ဒါပေမယ့် ရှိတာလေနဲ့ ချွေခြံချွေတာပြီး မိမိလူနေမှု အဆင့်အတန်းကို ကျေနပ်တယ်ဆိုရင် ဒါတွေဟာ ရှက်စရာ မဟုတ်ဘူးဆိုတာကို နားလည်လာပါလိမ့်မယ်။ တံဆိပ်တွေနဲ့ သင့်ရဲ့အဆင့်အတန်းကို မဆုံးဖြတ်ပါနဲ့။