အားလုံးပဲမင်္ဂလာပါ။ ကိုယ်မွေးတဲ့ မွေးလပေါ် မူတည်ပြီး ကိုယ်အပြုအမူ စိတ်နေစိတ်ထားက ပြောင်းလဲသွားတတ်ပါတယ်။ သင်က သင့်ရဲ့ မွေးလအလိုက် သင့်ရဲ့ ပင်ကိုစရိုက်အပြုအမူနဲ့ ကျန်းမာရေးအခြေအနေကို သိချင်ရင်တော့ ဆက်ကြည့်ပေးပါနော်-

၁။ January

January လမွေးဖွားသူတွေက စိတ်ရှည်တဲ့သူတွေထဲမှာ မပါတတ်ပါဘူး။ လွယ်လွယ်လေးနဲ့ စိတ်ဓာတ်ကျတတ်ပါတယ်။ ခဏခဏ ခေါင်းကိုက်တတ်ပါတယ်။


၂။ February

February လက အချစ်လပါပဲ။ ဒီလ မွေးဖွားသူတွေက စိတ်ကူးယဉ်ဆန်ကြပါတယ်။ စိတ်အတက်အကျမြန်ကြပါတယ်။ ဒီလမွေးဖွားသူတွေက လည်ချောင်းနဲ့ ပတ်သက်တဲ့ပြဿနာဖြစ်တတ်ပါတယ်။ အရိုးအဆစ်တွေကိုက်ခဲတတ်ပါတယ်။

၃။ March

March လ မွေးဖွားသူတွေက ချစ်ဖို့ကောင်းတတ်ကြပါတယ်။ သူတို့က သစ္စာရှိကြပေမယ့် သူတို့ကို မုန်းအောင် လုပ်မိရင်တော့ ဘယ်တော့မှ ခွင့်မလွှတ်တတ်ကြပါဘူး။ အရိုးအဆစ်တွေ နာတတ်ကြပြီး ဝမ်းချုပ်တတ်ကြပါတယ်။ မတ်လ မွေးဖွားသူတွေအနေနဲ့ အမျှင်ပါတဲ့ အစားအစာတွေ ပိုစားသင့်ပါတယ်။


၄။ April

April လမွေးဖွားသူတွေက ပေါင်းသင်းဆက်ဆံရေးကောင်းကြပါတယ်။ April လ မွေးဖွားသူတွေက အရိုးပွရောဂါကို စိုးရိမ်ရတာကြောင့် Calcium နဲ့ ဗီတာမင် ဒီဓာတ်ကို မှီဝဲသင့်ပါတယ်။

၅။ May

မေလမွေးဖွားသူတွေက စိတ်ဓာတ်ခိုင်မာကြပါတယ်။ ဆုံးဖြတ်ချက်ပြတ်သားကြပါတယ်။ ဝမ်းချုပ်တာနဲ့ အရိုးပွရောဂါဖြစ်နိုင်ချေရှိပါတယ်။ ဓာတ်မတည့်မှုတွေဖြစ်တတ်တာကြောင့် ဆရာဝန်နဲ့ သေချာတိုင်ပင်သင့်ပါတယ်။


၆။ June

June လမွေးသူတွေက ပွင့်လင်းကြပါတယ်။ တီထွင်နိုင်စွမ်းမြင့်မားပြီး စူးစမ်းတတ်ကြပါတယ်။ အရိုးအဆစ်ရောင်ရောဂါနဲ့ ဆီးနဲ့ ပတ်သက်တဲ့ရောဂါဖြစ်နိုင်ချေရှိပါတယ်။

၇။ July

July Born တွေက ရိုးသားကြပါတယ်။ လှကြပါတယ်။ စိတ်ဝင်စားဖို့ကောင်းကြပါတယ်။ နာတာရှည်လည်ပင်းနာတာနဲ့ ပန်းနာရင်ကျပ်ရောဂါဖြစ်နိုင်ချေရှိပါတယ်။ ယောဂလေ့ကျင့်ခန်းနဲ့ အသက်ရှူလေ့ကျင့်ခန်းတွေ ပြုလုပ်ပေးသင့်ပါတယ်။


၈။ August

August လမွေးဖွားသူတွေက သူတို့ကိုယ်သူတို့ အပြည့်အဝချစ်တတ်ကြပါတယ်။ ကိုယ်နဲ့ သက်ဆိုင်တဲ့သူတွေကိုလည်း အပြည့်အဝ ချစ်ပေးတတ်ကြပါတယ်။ March နဲ့ June မွေးဖွားသူတွေလို August Born တွေက အရိုးအဆစ် ယောင် ရောဂါဖြစ်တတ်ပါတယ်။

၉။ September

September Born တွေက ချမှတ်ထားတဲ့စည်းကမ်းတွေကို တသွေမတိမ်းလိုက်နာတတ်ကြပါတယ်။ ခဏတဖြုတ်ပဲပျော်ရမယ့် အချစ်ရေး၊ သာယာမှုတွေနောက် မလိုက်တတ်ကြပါဘူး။ Thyroid gland နဲ့ ပတ်သက်ရာ ရောဂါတွေဖြစ်နိုင်ချေရှိပါတယ်။ အကျိတ်ပေါ်တတ်တာကြောင့် ပုံမှန် တစ်နှစ်တခါ ဆေးစစ်သင့်ပါတယ်။


၁၀။ October

October လမွေးဖွားသူတွေက သူတို့ဘဝမှာ သူတို့ရှိရင် လုံလောက်တယ်လို့ ယုံကြည်ထားသူတွေပါ။ သန်မာကြပြီး စမတ်ကျကြပါတယ်။ သွေးရောဂါဖြစ်တတ်ကြပြီး သံဓာတ်ပြည့်ဝတဲ့ အစားအစာတွေကို စားပေးသင့်ပါတယ်။

၁၁။ November


November လမွေးဖွားသူတွေက လိမ္မာပါးနပ်တဲ့ ဟာသစကားတွေကို ပြောတတ်ကြပါတယ်။ ပျော်ပျော်နေတတ်ကြပါတယ်။ နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေဖြစ်နိုင်ချေရှိပါတယ်။

၁၂။ December

December Born တွေက စိတ်မရှည်ကြပါဘူး။ ကိုယ့်အနားမှာ မြင်ရတဲ့အရာကို လွယ်လွယ်နဲ့ မကြိုက်တတ်ပါဘူး။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကြုံရတတ်ပါတယ်။

ဒီအကြောင်းအရာက သင့်ကို ကြောက်လန့်သွားစေဖို့ မရည်ရွယ်ပါဘူး။ အနာဂတ်မှာဖြစ်လာနိုင်ချေရှိတဲ့ ရောဂါတွေကို ပြောပြပြီး ကြို သတိထားနိုင်ဖို့ရာ တင်ပြခြင်းသာဖြစ်ပါတယ်။

Source: Stylecraze.com

Photo Source: Pinterest