နှင်းဆီရည်ဟာ သင့်အသားအရေအတွက် များစွာ အကျိုးကျေးဇူးတွေရှိနေပါတယ်။ အသားအရေကို ကျန်းမာစိုပြေစေပြီး အညစ်အကြေးတွေကို သန့်စင်ပေးပါတယ်။
နှင်းဆီရည်ရဲ့ အကျိုးကျေးဇူးများ
နှင်းဆီရည်ဟာ သင့်အသားအရေအတွင်း pH ပမာဏကို တင့်သင့်မျှတစေပါတယ်။ ရောင်ရမ်းမှုကို သက်သာစေပြီး ဝက်ခြံကို သက်သာစေပါတယ်။ ဒါ့အပြင် အသားရေ နီခြင်း၊ ယားခြင်းကို သက်သာစေပါတယ်။ ချွေးပေါက်တွေကို သန့်စင်ပေးပြီး အသားအရေကို အတွင်းပိုင်းထိ သန့်စင်ပေးနိုင်ပါတယ်။
အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး လန်းဆန်းစေပါတယ်။
နှင်းဆီရည်ကို ဘယ်လိုသုံးလို့ရသလဲ
နှင်းဆီရည်ကို Cleaner အနေနဲ့ အသုံးပြုနိုင်ပါတယ်။ မိတ်ကပ်ဖျက်ဖို့ သုံးနိုင်သလို တိုနာအဖြစ်လည်း အသုံးပြုလို့ရပါတယ်။
ဝက်ခြံကိုလည်း သက်သာစေပါတယ်။ မျက်နှာပေါင်းတင်ပေးချင်တယ်ဆိုရင်လည်းရပါတယ်။
နှင်းဆီရည်စားပွဲတင်ဇွန်း ၂ ဇွန်းကို ခရမ်းချဉ်သီးတစ်လုံးနဲ့ သေချာရောလိုက်ပြီး ကျိတ်လိုက်ပါ။ ပြီးရင် မျက်နှာပေါ်မှာ လိမ်းပေးပြီး ၁၀ မိနစ်လောက်ထားပါ။ အဲဒီနောက်ရေဆေးချလိုက်ပါ။
ဒီလိုလုပ်ပေးမယ်ဆိုရင် သင့်မျက်နှာအသားအရေကို ကြည်လင်လာစေပြီး နေလောင်ကွက်တွေကိုလည်း သက်သာစေပါတယ်။
အသားအရေ ခြောက်တဲ့သူတွေအတွက် ငှက်ပျောသီးနဲ့ ရောပြီးတော့လည်း ပေါင်းတင်ပေါ်နိုင်ပါတယ်။
နှုတ်ခမ်းမှာ လိမ်းပေးခြင်းဖြင့် နှုတ်ခမ်းကို ပန်းရောင်သန်းစေပြီး နူးညံ့စေပါတယ်။
ခေါင်းမလျှော်ခင် ဦးရေပြားမှာ လိမ်းပေးပြီး မိနစ် ၃၀ – ၄၀ လောက်ထားကာ ခေါင်းလျှော်ချပေးလိုက်ပါ။ အဲဒီလိုလုပ်ပေးရင် ဗောက်ကိုလည်း သက်သာစေပါတယ်။
နှင်းဆီရည် ဘယ်လိုလုပ်မလဲ
နှင်းဆီပန်းကို ပွင့်ဖတ်လေးတွေ ချွေလိုက်ပြီး ရေသေချာဆေးလိုက်ပါ။ နှင်းဆီပွင့် ၁၀ ပွင့်လောက်ကို ချွေပေးပြီး ရေဆေးပေးကာ ရေဆစ်ထားပါ။
ပြီးရင် ရေ ဖန်ခွက် ၂ ခွက်ကို ပွက်ပွက်ဆူအောင်သည်ပြီး နှင်းဆီပွင့်လေးတွေ ထည့်လိုက်ပါ။ ပြီးရင် ၅ မိနစ်လောက် မွှေပေးပြီး မီးဖိုပေါ်က ချကာ အအေးခံလိုက်ပါ။
အဲဒီနောက် သုံးလို့ရပါပြီ။ သုံးမယ်ဆိုရင် စပရေးဘူး အလွတ်ထဲ ထည့်ထားပြီး သုံးနိုင်သလို၊ အပေါက်သေးသေးပါတဲ့ ဘူးအလွတ်ထဲထည့်ပြီးလည်း သုံနိုင်ပါတယ်။