ပျိုမေတို့အားလုံးမင်္ဂလာပါ။ ချွေးပေါက်အကျယ်ကြီးတွေက မှန်မှာကြည့်လိုက်တဲ့အချိန်တိုင်း သင့်ကို စိတ်မချမ်းမသာဖြစ်စေတဲ့ အရာပါပဲ။ ချွေးပေါက်ကျယ်တဲ့အခါ မိတ်ကပ်လိမ်းရင်လည်း ချောချောမွေ့မွေ့မရနိုင်ပါဘူး။ ဘယ်သူမှ ချွေးပေါက်ကျယ်ကျယ်ကြီးတွေ မလိုချင်ကြပါဘူး။ သင်က ချွေးပေါက်ကျယ်လို့ စိတ်ညစ်နေတယ်ဆိုရင်တော့ ဒီလိုလုပ်နိုင်ပါတယ်။
အဆင့် ၁- ငှက်ပျောသီး Mask
Photo Source: Healthline.com
- ငှက်ပျောသီးတစ်ဝက်ကို အနှစ်ရတဲ့အထိ ချေပေးရပါမယ်။
- ပြီးနောက် နွားနို့ လဘရည်ဇွန်း ၂ ဇွန်းနဲ့ ငှက်ပျောသီးအနှစ် ၁ ဇွန်းရောပေးရပါမယ်။
- ဒီအရောကို မျက်နှာနဲ့ လည်ပင်းပေါ် လိမ်းပြီး ၁၅ မိနစ် ထားပေးရပါမယ်။
- ပြီးနောက် ရေဆေးချပါ။
အဆင့် ၂- ဆန်ဆေးရည် Mist
Photo Source: Cute Girly Studio
- ငှက်ပျောသီး Mask ပြီးရင်တော့ ဒီ Mist နဲ့ မျက်နှာပေါ် ဖြန်းပေးရပါမယ်။
- ဒီအတွက် ကိုယ်လိုအပ်တဲ့ ဆန်ပမာဏနဲ့ ရေကို ရောပေးရပါမယ်။ ဆန်ကို နှစ်ခါ လောက်ဆေးပြီး အညစ်အကြေးစင်လောက်တဲ့အချိန် ရေထပ်ထည့်ပြီး နာရီဝက်စိမ်ထားလိုက်ပါ။
- ပြီးရင်တော့ Spray ဘူးလွတ်ထဲထည့်ပြီး မျက်နှာကို ဖြန်းနိုင်ပါပြီ။
အဆင့် ၃- အာလူး Ice Cube
Photo Source: YouTube.com
- အာလူးတစ်လုံးကို အခွံနွှာပြီး အမွှာလေးတွေရအောင် ခြစ်ပေးရပါမယ်။
- သလဲသီးစေ့ တစ်ဝက်နဲ့ ရေတစ်ဇွန်းထပ်ထည့်ပေးရပါမယ်။
- ပြီးရင်တော့ ကျိတ်စက်ထဲ ကျိတ်ပေးရပါမယ်။ ဒီထဲကို သံပယိုရည် ဇွန်းတစ်ဝက် ထပ်ထည့်ပေးရပါမယ်။
- ဒါကို ရေခဲလင်ဗန်းထဲထည့်ပြီး ရေခဲတုံးရအောင် လုပ်ပေးရပါမယ်။
- Ice Cube ကို မျက်နှာမှာပွတ်ပြီး ရေဆေးချပေးရပါမယ်။
အဆင့် ၄- သခွားသီး Toner
Photo Source: Inlife Healthcare
- သခွားသီးတစ်လုံးကို လှီးပြီး ကျိတ်ပေးရပါမယ်။ အရည်စစ်ယူပေးရပါမယ်။
- ပြီးနောက် စစ်ထားတဲ့ သခွားသီးရည်ထဲကို သံပယိုရည်နဲ့ Rose Water ကိုထပ်ထည့်ပေးရပါမယ်။
- Spray ဘူးထဲထည့်ပြီး ဖြန်းပေးရပါမယ်။
- ဖြန်းပြီးနောက် ၁၀ မိနစ်ထားပြီး မျက်နှာပြန်ဆေးပါ။
- Moisturizer လိမ်းပြီးရင် ပြီးပါပြီ။
By MyStyle Myanmar