အလုပ်ဖိစီးမှုများလာရင် ဘာကိုမှ ရေရေရာရာ မစဉ်းစားနိုင် ဘာမှလည်း ထိထိရောက်ရောက် မလုပ်နိုင်နဲ့ ခြေကုန်လက်ပန်းကျသလို ခံစားသွားရတတ်ပါတယ်။ အလုပ်တွေ သိပ်ရှုပ်လာပြီး ဘယ်ကစလို့ ဘာကိုင်ရမလဲ မသိဖြစ်နေရင် ဒီနည်းလမ်းလေးတွေ သုံးသင့်ပါတယ်။

(၁) နားလိုက်ပါ

Photo : NerdWallet

ဆက်တိုက်အလုပ်လုပ်တာဟာ စွမ်းဆောင်ရည်ကို ထိခိုက်ပါတယ်။ နားချိန်မရှိဘဲ လုပ်နေရင်လည်း အချိန်သာ ကုန်သွားမယ် ဘာအလုပ်မှလည်း ပြီးမြောက်မှာ မဟုတ်ပါဘူး။ အလုပ်ထဲ ခေါင်းရှုပ်လာရင် စားပွဲကထပြီး လမ်းလေးဘာလေးလျှောက် အသက်လေး ဘာလေး ရှုလိုက်ပါ။ ခဏလောက် နားလိုက်ရင် ပင်ပန်းတာတွေ သက်သာသွားပါလိမ့်မယ်။

(၂) ကိုယ်ပိုင် Deadline ထားပါ

Photo : Universal Life Church

အလုပ်ကပေးတဲ့ ဝန်ထုပ်ဝန်ပိုးကို ကိုယ်နိုင်သလောက် အပိုင်းခွဲပြီး နောက်ဆုံးပြီးစီးရမယ့် Deadline လေးတွေနဲ့ အလုပ်လုပ်တဲ့ အကျင့်ကလည်း အလုပ်ပြီးမြောက်သလို ထိရောက်မှုလည်း ရှိပါတယ်။ ကိုယ့်အချိန်ဇယားကို ကိုယ်ပြည့်ဖို့ အာရုံစိုက်လုပ်ရင်းနဲ့ အလုပ်ဝန်မပိအောင် ရှောင်နိုင်ပါလိမ့်မယ်။

(၃) မလုပ်မဖြစ် အရာအတွက် အချိန်ပေးပါ

Photo : Business Insider

ဦးစားပေးရမယ့်အရာတွေနဲ့ အရေးမကြီးတဲ့ အရာတွေ ခွဲခြားထားပါ။ မိသားစု ၊ မိတ်ဆွေနဲ့ ကျန်းမာရေးက သင့်ပရောဂျက်ထက် ပိုပြီး အရေးကြီးပါတယ်။ အလုပ်ထဲချည်းနစ်နေရင်တော့ ဘဝရဲ့ ကျေနပ်မှုလည်း ရမှာ မဟုတ်ပါဘူး ။ မိသားစု မိတ်ဆွေနဲ့ ကိုယ်ချစ်ရတဲ့ အရာတွေနဲ့ ဖြတ်သန်းတာက စိတ်ခွန်အားလည်း ဖြစ်စေသလို အလုပ်ထဲမှာလည်း Energy အပြည့်နဲ့ လှုပ်ရှားနိုင်မှာပါ။

(၄) ကိုယ့်ကိုယ်ကို အသိအမှတ်ပြုတတ်ပါစေ

Photo : Woman’s Day

ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ချီးကျူးတတ်ဖို့ လိုပါတယ်။ ကိုယ့်မှာ ချီးကျူးလောက်တဲ့ ထိုက်တန်တဲ့ အရည်အချင်းတွေ စာရိတ္တနဲ့ ကောင်းကွက်လေးတွေ ရှိပါတယ်။ အလုပ်ကိစ္စနဲ့ သိပ်ရှုပ်ထွေးပြီး ဘာကိုမှ မလုပ်နိုင်တော့တဲ့အခါ ကိုယ့်ကိုယ်ကို အထင်မသေးမိဖို့ အရေးကြီးပါတယ်။ ပိုကောင်းတဲ့ အလုပ်တွေ ထပ်လုပ်နိုင်ဖို့ ကိုယ့်စွမ်းအင်ကို ကိုယ်မြင်ပြီး သုံးနိုင်မှ အဆင်ပြေမှာပါ။