Mookda Narinrak မင်းသမီးလေးကတော့ အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့”နှလုံးသားကိုရိုက်ခတ်တဲ့မာန” နဲ့ “ပန်းကိုခြွေတဲ့မုန်တိုင်း” ဇာတ်ကားတွေထဲက ပရိသတ်တွေရဲ့အသဲကျော်လေးပဲဖြစ်ပါတယ်နော်။ နောက်ပြီး အခုထုတ်လွှင့်နေဆဲဖြစ်တဲ့ သူမပါဝင်တဲ့ So Wayree ဆိုတဲ့ ဇာတ်ကားကလည်း ပရိသတ်တွေကြားမှာ အရမ်းကိုနာမည်ကြီးနေတဲ့ ဇာတ်လမ်းကောင်း တစ်ကားလည်းဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ ခန္ဓာကိုယ်သေးသေးလေးပိုင်ဆိုင်ထားတဲ့ Mookda လေးက သရုပ်ဆောင်တော်ရုံသာမက အကဝါသနာပါတဲ့ Dancer တစ်ယောက်လည်းဖြစ်ပါတယ်နော်။

သူမကို Julyလ 26ရက်နေ့ 1996ခုနှစ် ထိုင်းနိုင်ငံမှာပဲ မွေးဖွားခဲ့တာဖြစ်ပြီး အရပ်အမြင့်ကတော့ 1.65m ရှိပါတယ်။ Mookdaလေးက အကိုတစ်ယောက်နဲ့ အမတစ်ယောက်ပိုင်ဆိုင်ထားပါသေးတယ်နော်။ ရေကူးရတာနဲ့ ဘော်လီဘောကစားရတာကို ဝါသနာပါသူတစ်ဦးဖြစ်ပြီး B-Boy & Pop ကတာ ကျွမ်းကျင်ပြီး ပီယာနိုးနဲ့ ပန်းချီဆွဲတာလည်း တော်တဲ့မင်းသမီးလေးဖြစ်ပါတယ်နော်။

ငယ်ငယ်ရွယ်ရွယ်လေးနဲ့ အရမ်းတော်တဲ့ Mookdaလေးရဲ့ ဖက်ရှင်ကလည်း ပြောစရာမရှိအောင် တကယ့်အမိုက်စား စတိုင်ကျကျ ဝတ်ဆင်တတ်တဲ့သူ လည်းဖြစ်ပါတယ်။ ဒါဆိုရင်တော့ စာဖတ်ပရိသတ်ကြီးလည်း သူလေးရဲ့ မိမိုက်နေတဲ့ ဖက်ရှင်လေးတွေကို ကြည့်ချင်နေပြီလို့ ထင်ပါတယ်နော်… ဘယ်လိုလေးတွေဆိုတာကို အတူတူကြည့်လိုက်ရအောင်နော်….

Photo Source; Pinterest