ပျိုမေလေးတို့ရေ လက်သည်းနီဆိုးတဲ့အခါ အရောင်တစ်မျိုးတည်းကို ဆိုးနေတာကြာလာရင် ရိုးပြီးအီလာပါတယ်နော်။ တချို့လက်သည်းနီဒီဇိုင်းလေး တွေကတော့ ကိုယ့်ဘာသာအိမ်မှာလုပ်ဖို့ လွယ်ကူပေမယ့် တချို့ဒီဇိုင်းတွေကျတော့လည်း ကျွမ်းကျင်တဲ့သူ လုပ်ပေးမှသာ ကိုယ်လိုချင်တဲ့ပုံစံအတိုင်း ရလာနိုင်တာပါ။

မျက်နှာကိုမိတ်ကပ်တွေလိမ်းရတာကြိုက်သလို ကိုယ့်လက်သည်းလေးကိုလည်း ပြင်ဆင်ချင်တဲ့သူများအတွက်တော့ ဘယ်လိုဒီဇိုင်းလေးတွေက လှလဲဆိုတာကို အမြဲကြည့်နေရတာပါပဲနော်။ အဲ့လို ကိုယ့်ရဲ့လက်သည်းလေးကို ဒီဇိုင်းဖော်ရတာကြိုက်တဲ့ပျိုမေများအတွက် လူကြီးလူငယ် အကုန်လုံးနဲ့လိုက်ဖက်တဲ့ အရောင်လေးဖြစ်တဲ့အပြင် ဘယ်လိုအသားအရောင်မျိုးနဲ့ပဲဖြစ်ဖြစ် လိုက်ဖက်မှုရှိစေလို့ မိန်းကလေးတိုင်းမှာရှိထားသင့်တဲ့ လက်သည်းနီအရောင်လေးလည်းဖြစ်ပြီး ဟိုနေရာ ဒီနေရာကနေ ပုံလေးလိုက်ရှာရင်း ခေါင်းမစားရအောင်လို့ ရိုးရိုးရှင်းရှင်းလေးနဲ့ ဘယ်တော့မှမရိုးတဲ့ လက်သည်းနီဒီဇိုင်းလှလှလေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်…

By Mystyle Myanmar