ဆံပင်အရှည်ကိုမှ အရောင်မဆိုးပဲ အနက်ရောင်လေးပဲထားတဲ့ ကောင်မလေးတွေအတွက် လူငယ်ဆန်ပြီး စတိုင်လ်ကျနေစေမယ့် ဆံပင်ပြင်ဆင်ပုံ ၉ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ဒီဆံပင်ပြင်ဆင်ပုံလေးတွေက ဆံပင်ဆိုးထားတာထက်စာရင် ဆံပင်မဆိုးထားတဲ့ အနက်ရောင်ဆံကေသာပိုင်ရှင်လေးတွေနဲ့ ပိုပြီးတော့ လိုက်ဖက်ပါတယ်။
ဆံပင်ထိပ်လေးကို ကျစ်ဆံမြီးလေး တစ်ဖက်ထဲကျစ်လို့လည်းရသလို နှစ်ဖက်လုံးကျစ်လို့လည်းရပါတယ်။ ဘယ်လိုဖက်ရှင်မျိုးနဲ့မဆိုလည်း လိုက်ဖက်ပြီး ချစ်စရာကောင်းစေပါတယ်။
ရောင်စုံကလစ်လေးတွေကို ထိပ်မှာတပ်ထားလေးကလည်း လူငယ်ဆန်ပြီး စတိုင်လ်ကျစေတာကြောင့် တစ်ဖက်ထဲတပ်လည်း ချစ်ဖို့ကောင်းသလို၊ နှစ်ဖက်လုံးတပ်လည်း ချစ်ဖို့ကောင်းပါတယ်။
စကပ်လေးတွေ၊ ဂါဝန်လေးတွေဝတ်ရင် ဆံပင်ကို တစ်ဝက်မြင့်မြင့်လေးစည်းပြီး ထိပ်မှာ ကလစ်လေးတွေ ရောင်စုံတပ်တာက စတိုင်လ်ပြီး ချစ်စရာကောင်းစေပါတယ်နော်။
ဆံပင်နှစ်ဖက်ကို မြင့်မြင့်လေးစည်းပြီး ရှေ့ဘက်မှာချမယ့် ဆံပင်လေးတွေကို လိပ်စက်နဲ့ လိပ်လိုက်ပါ။ ဒါဆိုရင် lazy girl စတိုင်လ်လေးနဲ့ ပိုချစ်စရာကောင်းစေပါတယ်။
ဆံပင်ကိုစည်းပြီး ထိပ်ဘက်မှာ ကလစ်လေးတပ်ပါ။ ပိုပြီးစတိုင်လ်ကျသွားအောင် ဆံပင်လေးနည်းနည်းချပါ။ ချမယ့်ဆံပင်ကိုလည်း လိပ်စက်လေးနဲ့လိပ်လိုက်ရင် ပိုချစ်ဖို့ကောင်းပါတယ်။
ဆံပင်ကို ဘာမှမလုပ်ချင်ရင်တော့ အရိုးရှင်းဆုံးနဲ့ ချစ်ဖို့အကောင်းဆုံးက ဆံပင်ထိပ်လေးမှာ ကလစ်တစ်ခုပဲ တပ်ပါ။
Source: www.jessicavu