လူတိုင်းမှာ Bad Mood ဝင်တဲ့အချိန်ဆိုတာ ခဏခဏဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်လာခဲ့ရင် Bad Mood ကနေ အမြန်ဆုံးရုန်းထွက်နိုင်မှသာ စိတ်သက်သာရာရပါလိမ့်မယ်။ ဒါကြောင့် Bad Mood တွေကနေ အမြန်ဆုံးရုန်းထွက်နိုင်မယ့် နည်းလမ်းကို မျှဝေပေးချင်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်တာက စိတ်အပြောင်းအလဲဖြစ်စေတယ်။ လန်းဆန်းတက်ကြွစေတယ်။ ဒါကြောင့် Bad Mood တွေ အမြန်ဆုံးပျောက်ချင်ရင် လေ့ကျင့်ခန်းများများလုပ်လိုက်ပါ။

သူငယ်ချင်းတွေနဲ့တွေ့လိုက်ပါ

သူငယ်ချင်းတွေနဲ့တွေ့ပြီး ပျော်ပျော်ရွှင်ရွှင်နေလိုက်ပါ။ သူငယ်ချင်းတွေနဲ့ဆို အာရုံက တခြားကိုရောက်နေတဲ့အတွက်၊ ရယ်မောပျော်ရွှင်နေရတဲ့အတွက် Bad Mood တွေ အမြန်ဆုံးပျောက်သွားပါလိမ့်မယ်။

တရားထိုင်ပါ

Bad Mood ဝင်နေချိန်မှာ ဘယ်သူနဲ့မှလည်း မတွေ့ချင်ဘူး၊ ကိုယ့်ဘာသာကိုယ် အေးဆေးတစ်ယောက်ထဲနေချင်တယ်၊ Bad Mood တွေလည်း အမြန်ဆုံးပျောက်ချင်တယ်ဆိုရင်တော့ တရားထိုင်ပါ။

Social media ကနေ log out လုပ်ပါ

Bad Mood ဝင်နေချိန်မှာ မကောင်းတဲ့အတွေး၊ မကောင်းတဲ့စိတ်ခံစားချက်တွေဝင်ဖို့ အများဆုံးတွန်းအားပေးတဲ့အရာက social media ပါ။ ဒါကြောင့် bad mood တွေပျောက်ချင်ရင်၊ ပိုဆိုးမလာချင်ရင် social media ကို log out လုပ်လိုက်ပါ။

Source: www.lifehacks.io