သင်က သင့်ကောင်လေးကို ချစ်ပေမယ့် ဘယ်လိုသက်သေပြရမလဲ မသိဘူးဆိုရင် ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ မိန်းကလေးတွေက အချစ်လက်ဆောင်အနေနဲ့ လက်ဆောင်တွေ၊ ပန်းစည်းတွေ၊ အရုပ်လေးတွေ လိုချင်သလို ယောကျာ်းလေးတွေကလည်း သူတို့ကို ချစ်ကြောင်းပြတာကို လိုချင်ကြပါတယ်။ သင်တို့နှစ်ဦးရဲ့ အချစ်ကို အသစ်တဖန်ပြန်လည်ဆန်းသစ်ချင်ရင်တော့ ဒီလိုနည်းလမ်းတွေနဲ့ ချစ်ကြောင်းပြနိုင်ပါတယ်။

၁။ ဖယောင်းတိုင်မီးနဲ့ ညစာစားပွဲလုပ်ပါ


ဒါက ရည်းစားတွေထက် ဇနီးမောင်နှံတွေဆိုရင် ပိုအဆင်ပြေပါတယ်။ မီးပိတ်ထားပါ။ သာယာနာပျော်ဖွယ်သံစဉ်တွေနဲ့ အခန်းကို လွှမး်ခြုံထားပေးပါ။ သင်က ဟင်းချက်တတ်တယ်ဆိုရင် သူကြိုက်တာလေးကို ချက်ထားပေးပါ။ ဒါမှမဟုတ် မချက်တတ်ရင် သူစားချင်တဲ့အစားအသောက်တစ်မျိုးကို ကြိုဝယ်ထားပြီး အတူတူစားလို့ရပါတယ်။

၂။ အကြောင်းမရှိဘဲ သူ့ကို လက်ဆောင်ပေးပါ


နှစ်ပတ်လည်တွေ၊ အမှတ်တရနေ့တွေမဟုတ်ဘဲ သူ့ကို လက်ဆောင်ပေးကြည့်ပါ။ ဘာအကြောင်းအရင်းမှ အတိအကျမရှိဘဲ သူ့ကို လက်ဆောင်ပေးကြည့်ပါ။ သူအံ့သြသွားပြီး ပျော်ရွှင်သွားပါလိမ့်မယ်။

၃။ သူ့ကို ချီးကျူးပါ


လူတိုင်း ချီးကျူးစကားကို နှစ်သက်ကြပါတယ်။ ယောကျာ်းလေးတွေလည်း ချီးကျူးတာ လိုချင်ကြပါတယ်။ မိန်းကလေးအများစုက ကိုယ့်ချစ်သူကို ချီးကျူးဖို့ မေ့နေတတ်ကြပါတယ်။ နင်ဝတ်ထားတဲ့ အကျ်ီနဲ့ လိုက်တယ်။ ဒီနေ့ကြည့်ကောင်းနေတယ်။ နင့်ဟာသတွေက တော်တော်ရယ်ရတာပဲ စသဖြင့် သူ့ကို ချီးကျူးပေးပါ။

၄။ ရုတ်တရက် တစ်ခုခုကောက်လုပ်ပါ


သင်တို့နှစ်ယောက်အတူတူ အရင်က မလုပ်ဖူးတဲ့အရာတစ်ခုကို ဗြုန်းစားကြီး စီစဉ်လိုက်ပါ။ ပြီးတော့ ဒီအရာကို နှစ်ယောက်အတူတူ လုပ်ကြည့်ပါ။ အမှတ်တရတစ်ခုကို ပိုင်ဆိုင်ပါလိမ့်မယ်။

၅။ သူလုပ်ချင်တဲ့အရာတစ်ခုခုကို နှစ်ယောက်အတူတူလုပ်ပါ


သူက ဘောလုံးပွဲ ဝါသနာအိုးလား။ ဒါမှမဟုတ် သူသဘောကျတဲ့ ရှိုးပွဲတွေရှိလား။ သူလုပ်ချင်တဲ့ ဝါသနာတစ်ခုခုရှိလား။ ဒါကို သင်က သူနဲ့ အတူ လိုက်လုပ်ပေးပါ။ သူလုပ်တာကို ဘေးက Support ပေးကြည့်ပါ။ ဒါကလည်း ချစ်ကြောင်း သက်သေပြရာရောက်ပါတယ်။

၆။ သင့်ကို ချစ်ကြောင်း စာပို့ပါ


သူ့မှာ Gmail Account ရှိရင် Gmail ကနေ သင်ဘယ်လောက်ချစ်ကြောင်းပြောနိုင်ပါတယ်။ ဒါမှမဟုတ် စာအုပ်တစ်အုပ်ထဲမှာ အချစ်စာလေးတွေ စီရင်း သူမြင်အောင် ပြနိုင်ပါတယ်။ ဒါမှမဟုတ် သူကြိုက်တဲ့အရောင် စာရွက်တစ်ရွက်မှာ စာရေးပြီး ဒီစာကို သူ့ဆီပေးနိုင်ပါတယ်။

ဒီအပြုအမူတွေက သင်သူ့ကို ချစ်ကြောင်း ပြောပြနိုင်တဲ့အပြုအမူတွေပဲဖြစ်ပါတယ်။ ဘယ်အချက်တွေကို လုပ်ဖူးလဲ ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar