များသောအားဖြင့်တော့ မျက်နှာက လည်ပင်းထက်ပိုပြီး မဲနေတတ်ပါတယ်။ ဒီတော့ လည်ပင်းကိုလည်း ဖြူအောင်လုပ်ဖို့ လိုပါတယ်။ မျက်နှာကြီးကဖြူပြီး လည်းပင်ကမဲနေရင် မိတ်ကပ်လိမ်းတဲ့အခါမှာလည်း ကြည့်ရဆိုးစေပါတယ်။ ဒါကြောင့် လည်ပင်းမဲတာကို မုန့်ဖုတ်ဆိုးဒါနဲ့ ပြန်ဖြူလာအောင် လုပ်နိုင်မယ့် နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။
လုပ်ရမယ့်ပုံစံကတော့ မုန့်ဖုတ်ဆိုဒါ – စားပွဲတင်ဇွန်း ၂ ဇွန်း (သို့) ၃ ဇွန်းကို ရေနည်းနည်းနဲ့ ရောမွှေပြီး ပျစ်ပျစ်လေးဖြစ်သွားပြီဆိုရင် လည်ပင်းမှာ လိမ်းပါ။ ခြောက်သွားအောင်ထားပါ။ ခြောက်သွားပြီဆိုရင် လက်ချောင်းလေးတွေနဲ့ Scrub လုပ်သလိုမျိုး ပွတ်ပေးပါ။ ပြီးမှသာ ရေဆေးချပါ။ ပြောင်အောင် ရေဆေးချပြီးရင် Moisturizer တစ်ခုခုလိမ်းပါ။ မျက်နှာလိမ်းတဲ့ Moisturizer လိမ်းလည်းရသလို၊ Body lotion လိမ်းမယ်ဆိုလည်း ရပါတယ်။
တစ်ကြိမ်ထဲနဲ့တော့ ထူးခြားလာမှာမဟုတ်သလို၊ ပြန်ဖြူလာမှာလည်း မဟုတ်ပါဘူး။ တစ်ပတ် တစ်ခါ ပုံမှန်လုပ်ပေးရပါမယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် လည်ပင်းက ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့အတွက် လည်ပင်းညစ်ညစ်ကြီးဖြစ်နေတာ၊ မဲနေတာတွေက လျော့လာပြီး တစ်ဖြေးဖြေးနဲ့ ပြန်ဖြူလာပါလိမ့်မယ်။
Source: www.stylecraze.com