အခုခေတ်ကောင်မလေးတွေကို ဘာအရုပ်လေးကြိုက်လဲလို့သွားမေးလိုက်ရင် Unicorn အရုပ်လေးတွေလို့ပဲ ပြောကြမှာပါ။ လတ်တလောမှာဆို Stitch ကြိုက်တဲ့သူထက် Unicorn ကြိုက်တဲ့သူကတောင် ပိုများနေပါပြီ။ ဒါကြောင့် အလှအပကိုစိတ်ဝင်စားပြီး လက်သည်းပုံဖော်ရတာကို ဝါသနာပါတဲ့ မိန်းကလေးတွေအတွက် လှပဆန်းသစ်တဲ့ Unicorn လက်သည်းဒီဇိုင်းလေးတွေကို ရွေးချယ်ပေးလိုက်ပါတယ်။

အခုနောက်ပိုင်းမှာတော့ လက်သည်းကို Bling Bling လေးတွေဆိုးတာလည်း ခေတ်စားလာပါတယ်။ ဒီလို Bling Bling လေးတွေကိုဆိုးတဲ့အခါမှာ ပန်းရောင်လေးကိုရွေးချယ်ဆိုးပေးပြီး လက်သန်းကြွယ်ကိုပဲ Unicorn ပုံလေးပုံဖော်ပေးလိုက်ပါ။ ဒါကတော့ ဘယ်တော့မှရိုးမသွားတဲ့ လက်သည်းဒီဇိုင်းလေးဖြစ်တဲ့အပြင် အရမ်းလည်းလှပတဲ့လက်သည်းဒီဇိုင်းလေးပါ။

Source: Pinterest

Unicorn ချစ်သူလေးတွေအားလုံးပဲ အခုရွေးချယ်ပေးလိုက်တဲ့ Unicorn လက်သည်းဒီဇိုင်းလေးတွေကို ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။