ခန္ဓာကိုယ်အဆီတွေထဲမှာ ဗိုက်အဆီက ချဖို့ အခက်ဆုံးပါ။ တစ်ပတ်အတွင်း ဗိုက်အဆီကျချင်တယ်ဆိုရင်တော့ ပိုအာရုံစိုက်ပေးရပါမယ်။ ဒီအတွက် အချိန်ပေးပြီး ကြိုးစားရပါမယ်။ သင်က တစ်ပတ်အတွင်း ဗိုက်အဆီကျချင်တယ်ဆိုရင်တော့ လေ့ကျင့်ခန်းနဲ့ အစားအသောက်ကို တွဲဖက် ဂရုစိုက်ပေးရပါမယ်။ ဒီနည်းလမ်းတွေအတိုင်း ကြိုးစားကြည့်ပါနော်-

၁။ လေ့ကျင့်ခန်း

ဗိုက်အဆီကျဖို့ ဗိုက်လေ့ကျင့်ခန်းလုပ်ရပါမယ်။ ဒါပေမဲ့ ဗိုက်ကိုပဲကွက်ပြီး အဆီချလို့ မရပါဘူး။ တစ်ကိုယ်လုံးစာ လေ့ကျင့်ခန်းလုပ်ရမှာပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး တစ်နေ့လုံး လှုပ်လှုပ်ရှားရှားနေပေးရပါမယ်။ Plank ထောက်တာ၊ ဒိုက်ထိုးတာစတဲ့လေ့ကျင့်ခန်းတွေကတော့ အဆီကျဖို့ ထိရောက်တဲ့လေ့ကျင့်ခန်းတွေပါ။

၂။ Cardio

အေရိုးဘစ် လေ့ကျင့်ခန်းတွေက အနည်းဆုံး မိနစ် ၃၀ ကစပြီး တစ်နာရီလောက် ပြင်းပြင်းထန်ထန်လုပ်ပေးရပါမယ်။ ကျွန်မတို့ အသက်အရွယ် ရလာတာနဲ့အမျှ ကယ်လိုရီလောင်ကျွမ်းဖို့ ပိုခက်ခဲလာတတ်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းပိုလုပ်ပေးရပါမယ်။ ရေကူးတာ၊ စက်ဘီးစီးတာ၊ ကခုန်တာ၊ လမ်းခပ်မြန်မြန်လျှောက်တာတွေက ထိရောက်တဲ့ Cardio လေ့ကျင့်ခန်းတွေပါ။

၃။ Diet

သင်စားတဲ့အစားအသောက်ကို အဆီအစား အသီးအရွက်အစားထိုးရပါမယ်။ သကြားအချိုရှောင်ရပါမယ်။ အချိုရည်ရှောင်ရပါမယ်။ အရက်နဲ့ဘီယာမသောက်ရပါဘူး။ ထမင်းကို နည်းနည်းစီခွဲစားပေးသင့်ပါတယ်။

၄။ ပရိုတင်းများများစားပါ


ကြက်ဥ၊ ဒိန်ချဉ်၊ ဟင်းနုနွယ်ရွက်စတဲ့ အစားအစာတွေကို ပိုစားပေးရပါမယ်။ ပဲနို့သောက်ပေးရပါမယ်။ ပရိုတင်းရှိတ်သောက်နိုင်ပါတယ်။

၅။ ကိုယ်စားတဲ့အစားအသောက်မှာ အမျှင်ဓာတ်များအောင် စားပေးပါ

အစေ့အဆံ၊ ပဲအမျိုးမျိုး၊ Whole Grain၊ ဆန်ညိုစတာတွေကို စားပေးရပါမယ်။ ဒီအစားအသောက်တွေက ဗိုက်အဆီကျရုံမက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ဗီတာမင်ဓာတ်ကိုလည်း ပေးစွမ်းပါတယ်။

၆။ ကိုယ့်အစားအသောက်ကို ကိုယ့်ဘာကိုယ်ပြင်ဆင်ပါ

အပြင်စာ စားတာကို လျှော့ပြီး ကိုယ်တိုင်ပြင်ဆင်ချက်ပြုတ်သင့်ပါတယ်။ ဒါကြောင့် သင်က တစ်ပတ်စည်းမျဉ်းထားပြီး အပြင်စာ လုံးဝမစားဘူးလို့ သတ်မှတ်ထားပါ။ ရုံးကိုလည်း ထမင်းချိုင့်ယူသွားပေးပါ။

၇။ အိပ်ချိန်

အိပ်ရေးမဝတာက ဝိတ်တက်ခြင်းကို ဦးတည်နိုင်ပါတယ်။ အိပ်ချိန်ကို ၇ နာရီကနေ ၈ နာရီထားပေးသင့်ပါတယ်။

ဒီနည်းလမ်းတွေကတော့ တစ်ပတ်အတွင်း ဗိုက်အဆီကျစေမယ့် နည်းလမ်းတွေဖြစ်ပါတယ်။ တစ်ပတ်အတွင်း ဗိုက်အဆီကျဖို့ ကိုယ့် Calorie အဝင်ကို လျှော့ရပါမယ်။ အိပ်ချိန်မှန်အောင်ထားပေးရပါမယ်။

Photo Source: Pinterest

By MyStyle Myanmar