ဆံပင်ပါးတဲ့သူတွေက သူများတွေထက် ပိုပြီးတော့ ဂရုစိုက်ရပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဆံပင်ပါးတယ်ဆိုရင် ဒါလေးတွေကိုတော့ သိထားဖို့လိုပါမယ်။ ဒါမှလည်း ဆင်ခြင်လို့ရမှာ၊ လုပ်လို့ရမှာပါ။ ဆံပင်ပါးတဲ့သူတွေအတွက် အဓိကကတော့ ဆံပင်ဒီထက်ပိုပြီး ပါးမသွားဖို့နဲ့ ဆံပင်မကျွတ်ဖို့က အရေးကြီးပါတယ်နော်။

ခေါင်းလျှော်ရည်ကို သေချာရွေးသုံးပါ။ ဟိုဟာသုံးလိုက်၊ ဒီဟာသုံးလိုက် လျှောက်သုံးတာမျိုးမလုပ်ပါနဲ့။ ဆံသားပါးတဲ့သူတွေအတွက် ထုတ်ထားတဲ့ ခေါင်းလျှော်ရည်မျိုးတွေ၊ ကိုယ့်ဆံသားအတွက် အဆင်ပြေမယ့် ခေါင်းလျှော်ရည်မျိုးတွေကို စွဲသုံးပါ။

Conditioner သုံးကိုသုံးရပါမယ်။ တချို့ conditioner တွေက မတည့်ရင် ဗောက်ထတာ၊ ဆံပင်ကျွတ်တာမျိုး ရှိတဲ့အတွက် ကိုယ့်ဆံသားနဲ့အဆင်ပြေမယ့် conditioner ကောင်းကောင်းလေးတစ်ခုကို စွဲသုံးပါ။

essential oil သုံးပါ။ ခေါင်းမလျှော်ခင်မှာ သံလွင်ဆီ တစ်ခေါင်းလုံးလိမ်းပြီးမှ ခေါင်းလျှော်ချတာမျိုး၊ ခေါင်းလျှော်ပြီးရင်လည်း အောက်ဖျားလေးတွေကို essential oil သေချာလိမ်းပေးတာမျိုးလုပ်ပါ။ ဆံပင်ကို ဘာမှမလိမ်းပဲ မထားပါနဲ့။

ဆံပင်ခဏခဏမစည်းပါနဲ့။ ဆံပင်ကို တင်းကျပ်နေအောင် ခဏခဏစည်းတာက ဆံပင်ကျွတ်တဲ့အတွက် ဆံသားပိုပါးစေပါတယ်။

ဆံပင်ကို တစ်လတစ်ခါ ဆိုင်မှာ treatment လုပ်တာပဲဖြစ်ဖြစ်၊ တစ်ပတ်တစ်ခါ အိမ်မှာ သဘာဝနည်းလမ်းတွေနဲ့ ပေါင်းတင်တာမျိုးပဲဖြစ်ဖြစ် လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။