သင်က သင့်အသားအရည်ကို အစိုပြေဆုံး အတောက်ပဆုံးဖြစ်အောင် ထိန်းသိမ်းနေတယ်ဆိုရင် အသားအရေအတွက် ငွေကုန်ကြေးကျခံသင့်တာလည်း ခံရပါမယ်။ ညဘက်မှာ Skin Care ကိုသေချာလုပ်ပေးတယ်ဆိုရင် တောက်ပစိုပြေတဲ့အသားအရေကို ရရှိဖို့ အခွင့်အရေးပိုများပါတယ်။ Glow Skin ကိုပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဒီလိုထိန်းသိမ်းပေးပါနော်-
အဆင့် ၁- မိတ်ကပ်ဖျက်ပါ
သင့်မျက်လုံးအောက်က အသားအရေက နူးညံ့တာမို့ အရေးအကြောင်းဖြစ်ဖို့ အမြန်ဆန်ဆုံးနေရာပါ။ မျက်လုံးအောက်က အသားအရေကို ခပ်ကြမ်းကြမ်း ထိတွေ့လို့မရပါဘူး။ မိတ်ကပ်ဖျတ်တဲ့ တစ်ရှူးဒါမှမဟုတ် အရည်နဲ့ ညင်ညင်သာသာ ဖျက်သင့်ပါတယ်။
အဆင့် ၂- မျက်နှာသစ်ဆေး
ညဘက်အိပ်ခါနီး ရေဓာတ်ဖြည့်ပေးတဲ့ မျက်နှာသစ်ဆေးနဲ့ ဂရုတစိုက် သန့်စင်ပေးသင့်ပါတယ်။
အဆင့် ၃- တိုနာ
အသားအရေ pH ကို ထိန်းသိမ်းဖို့ တိုနာ သုံးပေးရပါမယ်။ တိုနာ အသုံးပြုခြင်းက အသားအရေထိန်းသိမ်းပစ္စည်းတွေ ပိုမို စိမ့်ဝင်အောင် ကူညီပေးနိုင်ပါတယ်။
အဆင့် ၄- Serum
Serum တွေထဲမှာမှ ညဘက်အချိန်ဆိုရင် ရေဓာတ်ဖြည့်ပေးတဲ့ Serum ကိုအသုံးပြုသင့်ပါတယ်။
အဆင့် ၅- အဆီ
အသားအရေအတွက်လိုအပ်တဲ့ အဆီတစ်မျိုး မျက်နှာပေါ်လိမ်းပေးသင့်ပါတယ်။ ဒီလိုလိမ်းပေးတာက ဝက်ခြံထွက်တာ၊ အမည်းစက်နဲ့ ချွေးပေါက်ကျယ်တာကို သက်သာစေပါတယ်။ ဆီကနေ အစိုဓာတ်ရတာကြောင့် ခြောက်သွေ့တဲ့အသားအရေနဲ့ Sensitive အသားအရေအတွက် အဆင်ပြေပါတယ်။
အဆင့် ၆- Night Cream
နောက်ဆုံးအဆင့်ကတော့ Night Cream လိမ်းပေးရပါမယ်။ Night Cream က တစ်ညလုံး အသားအရေအတွက် လိုအပ်တဲ့ဓာတ်တွေကို ဖြည့်ပေးမှာပါ။ Sleeping Mask ဒါမှမဟုတ် Night Cream လိမ်းပေးသင့်ပါတယ်။ ညဘက်အဆီပါတာတွေလိမ်းထားတာမို့ မနက်ပိုင်းမှာ အဆီသန့်စင်ဖို့ ရည်ရွယ်ထားတဲ့ မျက်နှာသစ်ဆေးတွေကို အသုံးပြုသင့်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar