ခြေထောက်က ကြမ်းတမ်းပြီး အသားမာတွေတက်နေတဲ့အထိ ဖြစ်နေတဲ့သူတွေအတွက် ကြမ်းတမ်းနေတဲ့ ခြေထောက်တွေကို baby skin လေးလို နူးညံ့သွားစေမယ့် နည်းလမ်းကောင်းတွေ မျှဝေပေးလိုက်ပါတယ်။ ပုံမှန်လုပ်ပေးမှသာ baby skin လေးလို နူးညံ့လာမှာပါနော်။
နည်းလမ်း (၁)
မုန့်ဖုတ်ဆိုဒါ ၃ ဆ နဲ့ ရေ ၁ စ ကို ရောပြီး ခြေထောက်ကိုစိမ်ပေးရမှာပါ။ ဒီလိုမှမလုပ်ချင်ရင်လည်း နောက်တစ်မျိုးအနေနဲ့ ရေကြက်သီးနွေးထဲကို မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၃ ဇွန်းထည့်မွှေပြီး ခြေထောက်ကို ၁၀ မိနစ် စိမ်ထားပေးပါ။ ပြီးရင် ခြေထောက်ကို သေချာတိုက်ပါ။ ပြီးရင် Lotion လိမ်းပါ။ ၃ ရက် တစ်ခါလောက် လုပ်ပေးရင် ကြမ်းတမ်းနေတဲ့ ခြေထောက်လေးတွေ နူးညံ့လာပါလိမ့်မယ်။
နည်းလမ်း (၂)
အရိုးရှင်းဆုံး နည်းလမ်းပါပဲ။ ကြမ်းတမ်းနေတဲ့ ခြေထောက်တွေကို ညအိပ်ယာဝင်ခါနီးတိုင်း သံလွင်ဆီလိမ်းပေးပြီး အိပ်ပါ။ နူးညံ့လာပါလိမ့်မယ်။
နည်းလမ်း (၃)
ငှက်ပျောသီးအမှည့်ကို ကျေညက်အောင်ချေပြီး ကြမ်းတမ်းနေတဲ့ ခြေထောက်မှာ Mask ပေါင်းတင်သလို သုတ်လိမ်းပြီး မိနစ် ၂၀ ထားပါ။ အချိန်ပြည့်မှ ရေကြက်သီးနွေးလေးနဲ့ ဆေးချလိုက်ပါ။ ကြမ်းတမ်းနေတဲ့ ခြေထောက်တွေက baby skin လေးလို နူးညံ့လာပါလိမ့်မယ်။
Source: www.brightside.me