အားလုံးပဲ မင်္ဂလာပါ။ အဝတ်အစားဝတ်တဲ့နေရာမှာ ဖက်ရှင်ကျဖို့ ဆိုတာထက် အရေးအကြီးဆုံးက သက်တောင့်သက်သာရှိဖို့ပါ။ အဝတ်အစားက ဘယ်လောက်ပဲလှလှ ရှိုးတိုးရှမ်းတမ်းဖြစ်နေရင် သင့်အတွက် ဘယ်လိုမှအဆင်ပြေမှာမဟုတ်ပါဘူး။ ဒူးအတိုဝတ်နေကျ မဟုတ်တဲ့ မိန်းကလေးက အတိုဝတ်လိုက်တဲ့အချိန် မနေတတ်သလိုပါပဲ။ အထူးသဖြင့် ဒူးညိုတဲ့မိန်းကလေးတွေ၊ ခြေထောက်နေရာမှာ အမာရွတ်ရှိတဲ့ ပျိုမေတွေက အတိုမဝတ်ရဲကြပါဘူး။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ သင့်အတွက် ပေါ့ပေါ့ပါးပါးဖြစ်ပြီး လှလည်းလှတဲ့ ဒူးဖုံးဖက်ရှင်တွေကို ဖော်ပြပါရစေ။
By MyStyle Myanmar