တစ်ခါတစ်လေကျရင် တစ်ယောက်ထဲ အထီးကျန်သလိုလိုနဲ့ ဝမ်းနည်းလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအထီးကျန်သလို ခံစားလာရပြီဆိုရင် တစ်ယောက်ထဲ ဟိုတွေးဒီတွေးနဲ့ ပိုဆိုးလာတတ်ပါတယ်။ ဒါကြောင့် ဒီလိုမဖြစ်ရအောင် အထီးကျန်စိတ်ဝင်ပြီဆိုတာနဲ့ အခုပြောပြပေးမယ့် အချက်လေး တွေကို လုပ်ကြည့်ပါလို့ အကြံပေးချင်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်ရင် ချွေးထွက်ပြီး ကိုယ်လက်ပေါ့ပါးပြီး နေလို့ကောင်းသွားတယ်၊ စိတ်လည်းပေါ့ပါးလန်းဆန်းသွားတယ်။ လေ့ကျင့်ခန်းလုပ်နေချိန် အထီးကျန်စိတ်တွေ၊ ဝမ်းနည်းစိတ်တွေ အကုန်မေ့သွားပါတယ်။

ဟာသတွေကြည့်ပါ

တစ်ယောက်ထဲအထီးကျန်သလို ခံစားလာရပြီဆိုရင် ဟာသတွေသာ ထိုင်ကြည့်နေလိုက်ပါ။ ဘာမှစဉ်းစားပြီး တွေးမနေပါနဲ့။

မုန့်လုပ်စားပါ

မုန့်လုပ်စားတာ၊ တစ်ခုခုလုပ်စားတာမျိုး လုပ်နေရရင် စိတ်က အဲ့ထဲပဲရောက်နေတဲ့အတွက် စိတ်နှစ်ထားသလို ဖြစ်စေတယ်။ ဒါကြောင့် ဒီလိုလုပ်နေချိန်မှာ အထီးကျန်တာတွေ ဘာတွေလည်း မဖြစ်တော့ဘူး။ စိတ်ပျော်နေစေပါတယ်။

စာအုပ်ဖတ်ပါ

အထီးကျန်ရင်ပဲဖြစ်ဖြစ်၊ ဝမ်းနည်းရင်ပဲဖြစ်ဖြစ်၊ စိတ်ဓာတ်ကျရင်ပဲဖြစ်ဖြစ် စာအုပ်ဖတ်ပါ။ စာအုပ်ဖတ်တာက စိတ်ကိုတည်ငြိမ်စေတယ်။ စာအုပ်ဖတ်နေတဲ့အတွက် စိတ်က တခြားကို ပျံ့လွင့်နေတာမျိုး မဖြစ်တော့ဘူး။ အထီးကျန်သလိုလည်း မဖြစ်တော့ပါဘူး။

အပြင်လျှောက်သွားပြီးကိုယ်လုပ်ချင်တာတွေအကုန်လုပ်ပစ်ပါ

တစ်ခါတစ်လေ အထီးကျန်ရင် အိမ်ထဲမှာနေရတာက ပိုပြီး အထီးကျန်စေပါတယ်။ ဒါကြောင့် အပြင်တွေလျှောက်သွားပြီး ကိုယ်လုပ်ချင်တာတွေ အကုန်လုပ်ပစ်လိုက်ပါ။ ကိုယ်လုပ်ချင်တာလုပ်နေရပြီဆိုရင် အကုန်လုံးက ပျော်ကြတာပဲလေ။

Photo Source: www.freepik.com