ရာသီတွေကလည်း အမျိုးမျိုးပြောင်းလဲနေသလိုပဲ ဖက်ရှင်ဒီဇိုင်းတွေဆိုတာကလည်း တမျိုးပြီးတမျိုးကို ပြောင်းလဲနေတာပါပဲ။ ဒီလိုပြောင်းလဲနေတဲ့ ဖက်ရှင်ရေစီးကြောင်းကို အမြဲလေ့လာနေတတ်သူတွေအတွက်တော့ ကိုယ်ကြိုက်နှစ်သက်တဲ့ အနုပညာရှင်တွေကို စံနမူနာထားပြီး လေ့လာရတာက ပိုပြီးတော့ကို ထိရောက်မှုရှိပါတယ်။

အခုတခါမှာလည်း ဒီနှစ်နွေရာသီမှာ Kpop Idols တွေကြားမှာ ရေပန်းစားခဲ့တဲ့ ဖက်ရှင်ဒီဇိုင်းလေးတွေကို ဖော်ပြရင်းနဲ့ ဘယ်လိုဖက်ရှင်လေးတွေ ကတော့ ကိုယ်နဲ့လိုက်မလဲဆိုတာကို လေ့လာလိုက်ရအောင်ပါ။

Wide Leg Pants

သက်သောင့်သက်သာရှိတယ်၊ စမတ်ကျတယ်၊ Vintage ပုံစံလည်းပေါ်တဲ့ Wide Leg ဘောင်းဘီတွေက တခြားဘာနဲ့တွဲဝတ်ရမလဲဆိုပြီးတော့ သိပ်ခေါင်းစားစရာမလိုဘဲ စတိုင်ကျကျဝတ်နိုင်တဲ့ အဝတ်အစားတစ်မျိုးပဲဖြစ်ပါတယ်။ အသား၊ အထိအတွေ့၊ ပုံစံဒီဇိုင်း၊ အတိုအရှည် စသဖြင့် ရွေးချယ်စရာလည်း အများကြီးရှိတာကြောင့် ကိုယ်ကြိုက်နှစ်သက်ရာ အပေါ်အကျီတစ်ထည်နဲ့ တွဲဝတ်လိုက်ရုံပါပဲ။

Back to Basics

အရိုးရှင်းဆုံးက အကောင်းဆုံးပဲ ဆိုတဲ့စကားအတိုင်း ဂျင်းဘောင်းဘီကို အောက်ကဝတ်ပြီးတော့ အပေါ်က အဖြူရောင်အကျီတစ်မျိုးမျိုးနဲ့ တွဲဖက်ဝတ်ဆင်တာလောက် ကြည့်သူမြင်သူတိုင်းရဲ့ မျက်လုံးထဲမှာ အပေါ်လွင်ဆုံးနဲ့ အလှဆုံးဖြစ်တာမရှိနိုင်ပါဘူး။

Slip Dresses

တခြားအထည်အသားဖြစ်ဖြစ် ပိုးသားဖြစ်ဖြစ် ဘယ်လိုဒီဇိုင်းကာလာ အနေအထားပဲဖြစ်နေပါစေ Slip Dresses တွေက ပျိုမေအားလုံးနဲ့ လိုက်ဖက်လွန်းလှပါတယ်။ ဒီဇိုင်းကလည်းရိုးရှင်းတယ်၊ တစ်ခုခုနဲ့တွဲဖက်မယ်ဆိုလည်း လွယ်ကူတယ်၊ ဝတ်ရတာလည်း သက်သောင့်သက်သာရှိတာမို့ နွေရာသီအတွက်‌တော့ အကောင်းဆုံးရွေးချယ်မှုတစ်ရပ်ပါပဲ။

XL Shirts

ဖက်ရှင်လည်းကျချင်တယ် ဝတ်ရတာလည်း ပေါ့ပါးလွတ်လပ်ပြီး သက်သောင့်သက်သာရှိချင်တယ်ဆိုသူတွေအတွက်တော့ ဆိုဒ်ကြီး တီရှပ်တွေက အကောင်းဆုံးပါပဲ။ ဒီလိုခပ်ပွပွအကျီတွေကို အောက်ကနေပြီး ဘောင်းဘီရှည်နဲ့ဖြစ်ဖြစ် အသားကပ်ဘောင်းဘီနဲ့ဖြစ်ဖြစ် စကပ်တို ဘောင်းဘီတိုနဲ့ဖြစ်ဖြစ် ကြိုက်နှစ်သက်သလို တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

အပေါ်အောက်ဝမ်းဆက်

ငယ်ငယ်တုန်းက ကလေးတွေလိုမျိုး အပေါ်အောက်ဝမ်းဆက်ဝတ်ရတာက အခုချိန်မှာလည်း လူကြီးတွေကြား ဖက်ရှင်တစ်ခုလိုဖြစ်နေပါပြီ။ ငယ်စဥ်ကမတူတဲ့ ပုံစံဒီဇိုင်းမျိုးနဲ့ ကိုယ်ကြိုက်နှစ်သက်ရာ Accessories တွေနဲ့ တွဲဖက်ဝတ်ဆင်ကာ စတိုင်ကျတဲ့အသွင်ကို ရယူလိုက်ပါ။

အလွှာအထပ်ထပ်တွေ

ဟိုးရှေးခေတ်ခါတုန်းကလူတွေ ဝတ်ဆင်ခဲ့ကြတဲ့ အလွှာအထပ်ထပ်တွေက အခုချိန်မှာ တဖန်ပြန်ပြီး ခေတ်စားလာပါပြီ။ လက်ရှည်၊ အထပ်၊ ပုခုံး၊ လက်ကောက်ဝတ်၊ လည်ပင်း စသဖြင့် အလွှာအကြီးကြီးတွေနဲ့ ဝတ်တာတွေက အခုခေတ်ရေစီးကြောင်းထဲမှာ ပြန်လည်ရေပန်းစားလာပါတယ်။

Statement Prints

Sport-Chic

Source: Soompi