အားလုံးပဲမင်္ဂလာပါ။ အခုခေတ်က Social Media ခေတ်ဖြစ်လာပါပြီ။ လူတိုင်းလိုလို ဖုန်းနဲ့မျက်နှာ မကွာဖြစ်တတ်ပါတယ်။ မိုးလင်းတာနဲ့ ဖုန်းဖွင့်ပြီး ဘယ်သူတွေများ ဘာတွေပြောမလဲ စကြည့်ရတာ အမောပါပဲ။ Social Media က ကောင်းတာရှိသလို ဆိုးတာလည်းရှိနိုင်ပါတယ်။ ကောင်းတာကတော့ နည်းပညာ..ပညာရပ်တွေကို အလွယ်တကူလေ့လာနိုင်ပါတယ်။ ဗဟုသုတရပါတယ်။ ဆိုးတာကတော့ သူများနဲ့ ကိုယ့်ကိုကိုယ် နှိုင်းယှဉ်မိတာပါ။ သူများတွေ ပျော်နေတာမြင်ပြီး ကိုယ် မပျော်နိုင်တဲ့အချိန် နှိုှုင်းယှဉ်ပြီး စိတ်ဓာတ်ကျတာပါ။

ဒီတော့ တစ်ခါတလေ ဖုန်းသုံးတာကို အနားပေးဖို့ လိုအပ်ပါတယ်။ ဖုန်းသုံးမယ့်အစား အစားထိုးလုပ်နိုင်တဲ့ အပြုအမူအများအပြားရှိပါတယ်။ ဒီအပြုအမူတွေကတော့ သင့်ကိုပိုပြီး စိတ်ချမ်းသာစေမှာပါ။ အပြုအမူပေါင်း အခု (၂၀) ထဲက သင်သဘောကျရာကို ရွေးချယ်ပြီး ပြုလုပ်နိုင်ပါတယ်။ ဘာတွေလဲ ကြည့်လိုက်ရအောင်နော်-

၁။ လမ်းထွက်လျှောက်ပါ။

၂။ အနှစ်သာရပြည့်ဝတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ကြည့်ပါ။

၃။ စာဖတ်ပါ။


၄။ လက်နဲ့ ခြေထောက်ကို Scrub တိုက်ပါ။

၅။ အကြောလျှော့ပါ။ ယောဂလေ့ကျင့်ခန်းလုပ်ကြည့်ပါ။

၆။ လေ့ကျင့်ခန်း ၁၅ မိနစ် ဒါမှမဟုတ် မိနစ် ၂၀ လောက် လုပ်ပေးပါ။

၇။ တစ်ခုခုကို တီထွင်ဖန်တီးကြည့်ပါ။


၈။ ပန်းကန်ဆေးပါ။

၉။ နောက်နေ့အတွက် လုပ်စရာ “To-do-List” ကိုချရေးပါ။

၁၀။ သူငယ်ချင်းတစ်ယောက်ကို ဖုန်းခေါ်ပါ။

၁၁။ သင့်ခံစားချက်တွေကို စာချရေးပါ။


၁၂။ ဟင်းချက်ကြည့်ပါ။ ဘာပဲဖြစ်ဖြစ်ရပါတယ်။

၁၃။ ပန်းချီဆွဲပါ။ အရောင်ခြယ်ပါ။

၁၄။ တရားထိုင်ပါ။

၁၅။ ကိုယ်ကျေးဇူးတင်တဲ့အရာတွေကို ချရေးပါ။


၁၆။ လူတွေလှုပ်ရှားသွားလာနေမှုကို ထိုင်ကြည့်ပါ။

၁၇။ ကိုယ့်အတွေးထဲ ကိုယ်မြောနေကြည့်ပါ။

၁၈။ ကဗျာစပ်ပါ။


၁၉။ ဘာသာစကားအသစ် သင်ယူကြည့်ပါ။

၂၀။ Podcast နားထောင်ပါ။

Photo Source: Pinterest

By MyStyle Myanmar