ကိုယ့်ရှေ့မှာ အရမ်းခင်ပြပြီး နောက်ကွယ်ကျ အတင်းတုတ်၊ မကောင်းပြောပြီး မနာလိုစိတ်ဖြစ်နေတဲ့သူတွေ အများကြီးပါ။ ဒီလိုအတုအယောင်တွေကြားမှာ သူငယ်ချင်းကောင်းရှိခြင်းက တကယ်ကိုကောင်းမွန်တဲ့ ဆုလာဘ်တစ်ခုပါပဲ။ ဒါကြောင့် ကိုယ့်အနားမှာရှိတဲ့ သူငယ်ချင်းကောင်းတွေကို တန်ဖိုးထားပါ။

မွန်းကျပ်လာတဲ့အခါ၊ ကိုယ်ခံစားရတာတွေကို လွတ်လွတ်လပ်လပ် ယုံကြည်စွာနဲ့ ရင်ဖွင့်ပြောပြလို့ရတယ်။ တိုင်ပင်လို့ရပါတယ်။ သူတို့ဆီက အားပေးနှစ်သိမ့်မှုတွေက သင့်ကို အားပြန်ဖြစ်လာစေမှာပါ။ ဒီလို အနားမှာ စစ်မှန်တဲ့ သူငယ်ချင်းကောင်းတွေရှိတာကြောင့် တစ်ယောက်ထဲ အထီးကျန်မှုကိုလည်း မခံစားရတော့ပါဘူး။

သင်မကောင်းတာရှိရင်၊ မှားနေတာတွေရှိရင်လည်း သူတို့က အမုန်းခံပြီး သင်ကောင်းဖို့အတွက် ပြောတတ်ကြတယ်။ လမ်းပြပေးတတ်ကြပါတယ်။ သင်လိုတဲ့အချိန်မှာလည်း ကူညီပေးဖို့ အဆင်သင့်ရှိတတ်ကြပါတယ်။ အတုအယောင်တွေများတဲ့အချိန် ဒီလိုသူငယ်ချင်းကောင်းတွေရှိတာ သင့်အတွက် အရမ်းကံကောင်းပါတယ်။

သွားချင်တဲ့နေရာတွေကို တူတူသွားပြီး တူတူလုပ်လို့ရမယ်။ ပျော်စရာရှိရင် တူတူပျော်ပြီး ဝမ်းနည်းစရာရှိရင်လည်း မျှဝေခံစားပေးမယ့် သူငယ်ချင်းတွေရှိတာကြောင့် ရည်းစားမရှိရင်တောင် သူငယ်ချင်းတွေရှိနေတာကြောင့် သင့်မှာ အထီးကျန်ချိန်၊ ရည်းစားမရှိလို့ အားငယ်နေချိန်တွေတောင် ရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် သင့်အနားမှာရှိတဲ့ သူငယ်ချင်းကောင်းတွေကို တန်ဖိုးထားပါ။

Photo Source: www.freepik.com