လူတိုင်းကတော့ ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်ချင်ကြတာပါပဲ။ ဒီလိုကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်ထားမှလည်း အပြည့်အဝပျော်ရွှင်နိုင်မှာပါ။ ကျန်းမာအောင်နေဖို့ကလည်း ကိုယ်တိုင်ပဲ ဂရုစိုက်ရမှာပါ။ ဒါကြောင့် ကျန်းမာတဲ့ Healthy Life ကိုရဖို့ ကိုယ်တိုင်လုပ်ဆောင်ရမယ့်အရာတွေကို ပြောပြပေးလိုက်ပါတယ်။

အာဟာရမျှတအောင်စားပါ

ကျန်းမာဖို့အတွက် ပထမအရေးအကြီးဆုံးကတော့ အာဟာရမျှတအောင်စားတာပါပဲ။ မနက်အိပ်ယာနိုးရင် မနက်စာကို အာဟာရရှိအောင် စားပါ။

အိပ်ရေးဝဝအိပ်ပါ

အိပ်ရေးဝဝအိပ်ပြီး အိပ်ချိန်မှန်ဖို့ အရေးကြီးပါတယ်။ အိပ်ရေးမဝရင် အမျိုးမျိုးသော အတွေးတွေ၊ Psycho တွေ ဝင်လာတတ်ပါတယ်။

အနားယူပါ

အလုပ်ဘယ်လောက်များများ အနားယူတဲ့အချိန်လေးတော့ သီးသန့်ထားပါ။ ကျန်းမာရေးအတွက် ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို အနားပေးဖို့ အချိန်ရှိရပါမယ်။

လေ့ကျင့်ခန်းလုပ်ပါ

ကျန်းမာပျော်ရွှင်တဲ့ဘဝအတွက် နောက်ထပ်အရေးကြီးတာကတော့ လေ့ကျင့်ခန်းပါပဲ။ အသက်ကြီးကြီး၊ ငယ်ငယ် လေ့ကျင့်ခန်းကို ပုံမှန်လေးလုပ်ပေးပါ။

အသင့်စားအစားအသောက်တွေကို ရှောင်ပါ

အခုခေတ်မှာ အသင့်စားအစားအသောက်တွေက အရမ်းကိုပေါလွန်းပါတယ်။ ဒါတွေကို စားမယ်ဆိုရင်တောင် အမြဲတမ်း၊ ခဏခဏမစားသင့်ပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကိုသာ များများစားပါ။

စိတ်ညစ်စရာတွေကိုကြာကြာမထားပါနဲ့

လူကျန်းမာနေရုံနဲ့မပြီးဘူး စိတ်ကျန်းမာပျော်ရွှင်နေဖို့ကလည်း လိုပါသေးတယ်။ ဒါကြောင့် စိတ်ညစ်စရာတွေရှိလာခဲ့ရင်လည်း အကြာကြီးစိတ်ထဲမထားပါနဲ့။ မြန်မြန်မေ့ပစ်နိုင်အောင် ကြိုးစားပါ။ စိတ်ပင်ပန်းရင် လူပါပင်ပန်းလာပါလိမ့်မယ်။

စိတ်ပျော်အောင်နေပါ

ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုယ့်စိတ်ကိုပျော်အောင်ထားပါ။ ပျော်ပျော်နေပါ။ စိတ်တည်ငြိမ်အောင်၊ စိတ်အေးချမ်းအောင် တရားထိုင်ပါ။ ယောဂကျင့်ပါ။