ကိုယ်သဘောကျတဲ့ ကောင်လေး သို့မဟုတ် ကောင်မလေးတစ်ယောက်နဲ့ ချိန်းတွေ့တဲ့အချိန် မဖြစ်မနေ ဆောင်သွားရမယ့်အရာတွေရှိတာ သင်သိပါသလား။ မသိသေးဘူးဆိုရင်တော့ မဖြစ်မနေ သိထားဖို့လိုပါတယ်။ သင်က ဒီအရာတွေကို ဆောင်သွားမယ်ဆိုရင်တော့ ကိုယ်သဘောကျသူရှေ့မှာ ဘယ်တော့မှ အရှက်တကွဲဖြစ်မှာမဟုတ်ပါဘူး။ သင့်ကို သင်သဘောကျသူက အထင်ကြီးသွားဖို့ ဆောင်ထားရမယ့် အရာတွေဆိုလည်း မမှားပါဘူး။ ကြည့်လိုက်ရအောင်နော်-

၁။ ပိုက်ဆံ


ဒါကတော့ အကုန်သိပြီးဖြစ်မှာပါ။ ကိုယ်က မိန်းကလေးဆိုပြီးတော့ သူအကုန်စိုက်ပေးမယ်လို့ တယူသန်မှတ်ထားလို့မရပါဘူး။

၂။ ပီကယ်


လူတစ်ယောက်နဲ့ စကားပြောတဲ့အချိန် ခံတွင်းနံ့ကို သတိထားသင့်ပါတယ်။ ကိုယ်စကားပြောလိုက်တဲ့အချိန်တိုင်း အနံ့လေးက မွှေးနေမယ်ဆိုရင် ကိုယ့်ကိုကိုယ်လည်း ပိုယုံကြည်မှုရှိစေမှာပါ။

၃။ Dental Floss


ပီကယ်အပြင် Dental Floss (သွားပွတ်ကြိုး) ဆောင်သွားရင်လည်း ပိုကောင်းပါတယ်။ စားပြီးနောက် သွားကြားညပ်နေတဲ့ အစားအစာတွေကို သေချာဖယ်ရှားရာရောက််ပါတယ်။

၄။ အစွန်းချွတ်ဆေး


စားရငး်သောက်ရင်းအကျ်ီမှာ စွန်းသွားတဲ့အချိန် အစွန်းချွတ်ဆေး Pen ကို အသုံးပြုပြီး ဖယ်ရှားနိုင်ပါတယ်။

၅။ Body Spray ဒါမှမဟုတ် ရေမွှေး


ကိုယ်သင်းနံ့မွှေးသူတွေကို လူတိုင်း နှစ်သက်ကြပါတယ်။ ဒိတ်လုပ်တဲ့ အချိန်တိုငး် ရေမွှေးပုလင်းသေးသေးလေး အမြဲဆောင်သွားပေးပါ။

၆။ မိတ်ကပ်ပစ္စည်းတွေ


မိန်းကလေးတွေအနေနဲ့ ချွေးထွက်သွားလို့ မိတ်ကပ်ပျက်သွားတဲ့အချိန် ဒါမှမဟုတ် မုန့်စားရင်း နှုတ်ခမ်းနီမရှိတော့တဲ့အချိန် မိတ်ကပ်ပစ္စည်းတွေလိုအပ်ပါတယ်။ မိတ်ကပ်ဘူး၊ နှုတ်ခမ်းနီ စတာတွေကို ဆောင်သွားပေးပါနော်။

၇။ Mask

Photo Source: Pinterest

ဒါကတော့ အထူးပြောစရာမလိုဘူးထင်တယ်နော်။ အန္တရာယ်ကြိုမမြင်ရတာမို့ ဆောင်သွားပေးပါနော်။

Source: allwomenstalk.com

By MyStyle Myanmar