သင်က Tomboy တစ်ယောက်ဆိုရင် သင့်ရဲ့ အမူအရာတွေကို သီးသန့်ကြီး လိုက်ကြည့်စရာမလိုပါဘူး။ သာမန်မိန်းကလေးတွေနဲ့ ကွဲထွက်နေတတ်ပါတယ်။ ကိုယ့်ကိုကိုယ် Tomboy တစ်ယောက်ဆိုတာကို ငယ်စဉ်ကတည်းက သိလာတတ်ကြပါတယ်။ ဒီအမူအရာတွေ သင့်မှာရှိတယ်ဆိုရင် သင်က Tomboy တစ်ယောက်ပါ။ သင့်ကိုယ်သင်လည်း သိနေပြီးသားပါ။

၁။ သင်က အားကစားပွဲတွေ၊ Video Game တွေကို စိတ်ဝင်စားတယ်

ဘောလုံးပွဲ၊ ဘေ့စ်ဘောနဲ့ ဟော်ကီစတဲ့ အားကစားပွဲတွေကို သဘောကျပါတယ်။ ကစားပွဲကို ကြည့်ရတာဖြစ်ဖြစ် သင်ကိုယ်တိုင် ကစားတာဖြစ်ဖြစ် လုပ်တတ်ပါတယ်။

၂။ သင့်မှာ ယောကျာ်းလေးသူငယ်ချင်းတွေရှိတယ်

သင်က အလှအပနဲ့ ဖက်ရှင်ထက် ဘောလုံးပွဲတွေ ဗီဒီယိုဂိမ်းတွေကို စိတ်ဝင်စားတာကြောင့် ယောကျာ်းလေးတွေကို ပိုခင်တတ်ပါတယ်။ သင်က အတင်းပြောရတာ လက်သည်းနီဆိုးတာ စတာတွေကို မကြိုက်တာကြောင့် ယောကျာ်းလေး သူငယ်ချင်း ပိုများတတ်ပါတယ်။


၃။ စွန့်စားချင်စိတ်ပြင်းပြတယ်

သင်က ဖားတစ်ကောင်ကို မြင်တဲ့အချိန် ထွက်ပြေးတာထက်် အဲ့ဖားကို သွားကိုင်ချင်တတ်ပါတယ်။ စွန့်စားစရာနဲ့ ကြုံလာရင် ထွက်ပြေးတိမ်းရှောင်တာထက် တည့်တည့်ကြီး ရင်ဆိုင်တတ်ပါတယ်။ ကျောင်းခေါင်မိုးကနေ ကျော်ပြီး ကျောင်းပြေးဖို့လည်း သင်မကြောက်ပါဘူး။

၄။ သင်က အလှအပကို ဂရုမစိုက်ဘူး

အပြင်သွားတဲ့အချိန် မလှမှာကို သင်မစိုးရိမ်ပါဘူး။ မျက်နှာပြောင်နဲ့လည်း အပြင်ထွက်နိုင်ပါတယ်။ ဆံပင်မဖြီးဘဲလညး် အပြင်ထွက်တတ်ပါသေးတယ်။


၅။ သင်ကပဲများပြီး မရယ်တတ်ဘူး

သင်က ရယ်စရာတွေ့ရင်လည်း တဟားဟား ရယ်တတ်ပါတယ်။ သာမန်မိန်းကလေးတွေလို ပါးစပ်ပိတ်ပြီး မခို့တရို့ရယ်တာလေးတွေ၊ တခိခိသံလေးနဲ့ ရယ်တာတွေ မလုပ်တတ်ပါဘူး။ အသံအကျယ်ကြီး တဟားဟား ရယ်တတ်ပါတယ်။ ယောကျာ်းလေးတွေလို ရယ်တာပါ။

၆။ Shopping ထွက်တာက ပျင်းစရာအိမ်မှုကိစ္စပဲ

သင့်အတွက် အကျင်္ ီဝယ်ရတာက ပျော််စရာ ကိစ္စဖြစ်မနေတတ်ပါဘူး။ သင့်မှာ အကျင်္ ီအနည်းငယ်ပဲရှိတတ်ပါတယ်။ အကျင်္ ီအသစ်ရှိရင်လည်း သိပ်မဝတ်တတ်ပါဘူး။ ကိုယ်နဲ့ အဆင်ပြေတာလေးပဲ ကောက်ဝတ်တတ်ပါတယ်။ ရှော့ပင်းထွက်တာကို ပျင်းစရာ အိမ်မှုကိစ္စလို သဘောထားတတ်ပါတယ်။


၇။ သင်က စာရိုက်ရတာနဲ့ Social Media ကို သိပ်မစွဲလန်းဘူး

Tomboy တွေအတွက်တော့ ဖုန်းဆိုတာ ဆက်သွယ်ဖို့တစ်ခုထက် မပိုပါဘူး။ သင်က တခြားလူတွေဆီမှာ အာရုံစိုက်ခံရမှာတွေ မလိုချင်လို့ Social Media လည်း သိပ်မသုံးတတ်ပါဘူး။

သင်သိတဲ့ Tomboy တွေထဲမှာကော တခြားထူးခြားတဲ့ အပြုအမူတွေရှိတတ်သေးလား။ သင်ကိုယ်တိုင်ကကော ဒီအချက်တွေနဲ့ ကိုက်ညီနေလား ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar