သင့်သူငယ်ချင်းက ခက်ခဲတဲ့ အချိန်တွေကို ဖြတ်ကျော်နေရတဲ့အချိန် ဒါမှမဟုတ် သူ့ရဲ့ မွေးနေ့ပဲဖြစ်ဖြစ် သူပိုပျော်ရွှင်သွားစေဖို့ သင့်ဘက်က ဖန်တီးပေးနိုင်တဲ့ အိုင်ဒီယာတွေရှိပါတယ်။ ဒီထဲမှာ လက်ဆောင်ပေးတာလည်း တစ်ခု အပါအဝင်ပါ။ သင့်ဘက်က သင့်သူငယ်ချင်းကို ပေးချင်လို့ပဲဖြစ်ဖြစ် သင့်သူငယ်ချင်းတွေဆီက တောင်းချင်လို့ပဲဖြစ်ဖြစ် ဒီ အိုင်ဒီယာတွေကို နမူနာယူနိုင်ပါတယ်နော်။ သင့်သူငယ်ချင်းတွေဆီက ဒီလက်ဆောင်လေးတွေရဖို့ Mention ခေါ်ဖို့လည်းမမေ့နဲ့နော်။

၁။ ပန်းစည်း


ပန်းလေးတွေကို လက်ဆောင်ရတဲ့ မိန်းကလေးတိုင်းက အပြုံးလေးတစ်ပွင့်အမြဲ ထွက်ပေါ်လာတတ်ပါတယ်။ ပန်းရလို့ မပျော်တဲ့မိန်းကလေးမရှိပါဘူး။ သူငယ်ချင်းကို ပန်းပေးတာက သင်က သူ့ကို ဂရုစိုက်ကြောင်း ချစ်ကြောင်း ပြောပြတဲ့ နည်းလမ်းတစ်ခုပါ။

၂။ လက်သည်းခြေသည်း Pedicure


သင့်သူငယ်ချင်းပျော်ရွှင်သွားစေဖို့ လက်သည်းအလှဖော်တာ၊ ဒါမှမဟုတ် လက်သည်းခြေသည်း Cleansing လုပ်တာ ပေါင်းတင်တာ စသဖြင့် အလှအပ ကိစ္စတွေမှာ သင့်ဘက်က အိတ်စိုက်ပေးလိုက်ပါ။ ဒီလိုလုပ်ပေးတာက သူ့ကို ပိုပျော်ရွှင်စေမှာပါ။

၃။ အလှကုန်ခြင်းတောင်း


အလှကုန်ပစ္စည်းတွေ အစုံပါတဲ့ ခြင်းတောင်းတစ်ခုကလည်း သင့်သူငယ်ချင်းကို အပျော်ဆုံး လူသားဖြစ်စေမှာပါ။ Body Lotion, ရေမွှေးစတဲ့ ချစ်စရာအလှကုန်တွေ စုစည်းထားတဲ့ ခြင်းတောင်းတစ်ခု ပေးနိုင်ပါတယ်။ ဒါက မွေးနေ့လက်ဆောင်ပေးဖို့လည်း အိုင်ဒီယာကောင်းတစ်ခုဖြစ်ပါတယ်။

၄။ ဟန်းမိတ် လက်ဝတ်ရတနာ


သင်က လက်ဝတ်ရတနာ ပစ္စည်းတွေကို ကိုယ်တိုင်လုပ်တတ်တယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ သင်ကိုယ်တိုင်လုပ်ထားတဲ့ လက်ကောက်လေးတွေ၊ ဆွဲကြိုးလေးတွေက သင့်သူငယ်ချင်းအတွက် တန်ဖိုးအရှိဆုံး ပစ္စည်းဖြစ်နေမှာပါ။

၅။ ဓာတ်ပုံဘောင်


သင့်သူငယ်ချင်းနဲ့ သင်နဲ့အတူ ရိုက်ထားတဲ့ အမှတ်တရဓာတ်ပုံလှလှလေးတွေရှိလား။ ရှိတယ်ဆိုရင်တော့ ဒီဓာတ်ပုံလေးကို ဓာတ်ပုံဘောင်လှလှလေးထဲမှာ ထည့်ပြီး သင့်သူငယ်ချင်းကို လက်ဆောင်ပေးနိုင်ပါတယ်။

၆။ ချော့ကလက်


ချစ်သူရည်းစားတွေအချင်းချင်းပဲ ချော့ကလက်ပေးလို့ရတာမဟုတ်ပါဘူး။ သူငယ်ချင်းအချင်းချင်းလည်း ချော့ကလက် လက်ဆောင်ပေးနိုင်ပါတယ်။ ထမင်းစားပြီးနောက် ချော့ကလက်နဲ့ အချိုတည်းနိုင်ပါတယ်။ ဒီတော့ချော့ကလက်ကလည်း အိုင်ဒီယာကောင်းတစ်ခုပါ။

Photo Source: Pinterest

By MyStyle Myanmar