လူတိုင်းကတော့ ဘဝမှာပျော်ပျော်ရွှင်ရွှင်နေချင်ကြတာပါပဲ။ ပျော်စရာတွေနည်းနေရင်တောင် ကြံဖန်ပြီး ပျော်အောင်နေရမှာ၊ ကိုယ့်ကိုယ်ကို ပျော်အောင်ထားရမှာ ကိုယ့်တာဝန်ပါပဲ။ ဒါကြောင့် ရိုးရှင်းတဲ့ဘဝမှာ ပျော်ရွှင်အောင်နေနည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာ၊ ဝမ်းနည်းစရာတွေအားလုံးကို ဘဝထဲကထုတ်လိုက်ပါ။ မတွေးမိအောင်နေပါ။ မေ့နိုင်အောင်ကြိုးစားပါ။ ကိုယ့်အတွက် မပျော်ရွှင်စေတဲ့အရာမှန်သမျှကို ဘဝထဲကကော၊ စိတ်ထဲကပါ အပြီးဖြတ်ထုတ်လိုက်ပါ။

ကိုယ့်ဖြစ်တည်မှုကိုတန်ဖိုးထားပါ။ ကိုယ့်ထက်သာနေတဲ့သူတွေနဲ့ လိုက်ယှဉ်ပြီး စိတ်ဓာတ်ကျအားငယ်တာမျိုး မလုပ်ပါနဲ့။ ကိုယ်ဘဝကိုတန်ဖိုးထားပြီး ဒီထက်အများကြီး တိုးတက်ပြောင်းလဲလာအောင် ကြိုးစားပါ။ သင်စိတ်ချမ်းသာပျော်ရွှင်ရမယ့် အရာတွေကိုပဲ ရွေးလုပ်ပါ။

သူများအကြောင်းစိတ်မဝင်စားပါနဲ့။ ကိုယ်နဲ့မဆိုင်ရင် ဝင်မပါပါနဲ့။ သူများစကားတွေကို နားမယောင်ပါနဲ့။ တခြားသူအတွက်နဲ့ ပူဆွေးမနေချင်ရင် ကိုယ့်ကိုယ်ကိုပဲချစ်ပါ။

အလုပ်ကြိုးစားပြီး ပိုက်ဆံစုပါ။ ခရီးတွေထွက်ပါ။ မလိုအပ်တာကိုမသုံးပဲ ပိုက်ဆံသာများများစုပါ။ ပြင်ပြင်ဆင်ဆင်နေပါ။ အမြဲတမ်းလှအောင်နေပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူတစ်ယောက်အဖြစ်နဲ့ ကြိုးစားပြီးပြောင်းလဲပါ။

ကိုယ့်ကိုချစ်တဲ့သူတွေအနားမှာပဲနေပါ။ ကိုယ့်ကိုချစ်တဲ့သူတွေနဲ့ပဲ အချိန်ကုန်ဆုံးပါ။ မိသားစုကို ပိုချစ်ပြီး တန်ဖိုးထားပါ။ မိသားစုကိုအချိန်ပေးပါ။ ကျန်းမာရေးလိုက်စားပါ။ အရာရာပျော်ရွှင်နေပြီး ကျန်းမာရေးမကောင်းရင်လည်း အပြည့်အဝပျော်ရမှာ မဟုတ်ပါဘူး။

Photo Source: www.freepik.com