အမှန်အတိုင်းပြောရရင် ၂၀၂၀ ခုနှစ်က လူတိုင်းအတွက် စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေပိုများတဲ့ နှစ်လို့ပြောနိုင်ပါတယ်။ ဒီလိုစိတ်ညစ်စရာအချိန်မှာ ကိုယ့်စိတ်ကို သတိထားပြီး နေကြည့်ဖို့ကလည်း အရေးကြီးပါတယ်။ ကိုယ့်ကိုကိုယ် ပျော်အောင်ထားရပါမယ်။ ပျော်အောင်နေဖို့ ဟာသဗီဒီယိုတွေ၊ ကြည်နူးစရာ ဓာတ်ပုံတွေကလည်း တစ်ကဏ္ဍကနေ အထောက်အကူပြုပါတယ်။ အခုပြထားတဲ့ မွေးကင်းစ အကောင်ပေါက်လေးတွေရဲ့ ချစ်စဖွယ် ပုံရိပ်တွေကလည်း သင့်တစ်နေ့တာကို ကြည်နူးမှု ကူးစက်စေမှာ မလွဲမသွေပါပဲ။

၁။ သစ်ကုလားအုတ် ပေါက်စလေး


သစ်ကုလားအုတ်အကောင်ပေါက်လေးတွေက ချစ်ဖို့ကောင်းတယ်ဆိုတာ သင်ကိုယ်တိုင် ငြင်းနိုင်မှာမဟုတ်ပါဘူး။

၂။ ငန်းပေါက်စလေး


ငန်း ပေါက်စလေးတွေက မီးခိုးရောင်ရှိပြီး အမွှေးနုနုတွေနဲ့ ချစ်ဖို့ကောင်းပါတယ်။

၃။ ပုတ်သင်ညိုပေါက်စလေး


ဘေဘီ ပုတ်သင်ညိုလေးတွေက သင့်လက်ချောင်းတွေထက်တောင် ပိုသေးငယ်ပါသေးတယ်။

၄။ Silver Leaf မျောက်အမျိုးအစား


Silver Leaf မျောက်ကလေးတွေက မွေးကင်းစမှာ လိမ္မော်ရောင်အတောက်လေး ဖြစ်ပါတယ်။

၅။ ဖျံပေါက်စလေး


ဖျံပေါက်ကလေးတွေရဲ့ မျက်လုံး နက်နက်ဝိုင်းဝိုင်းလေးတွေက သင့်နှလုံးသားကို အရည်ပျော်စေမှာပါ။

၆။ ပန်ဒါ အနီရောင် ပေါက်စလေး


အနီရောင် ပန်ဒါ ပေါက်စလေးတွေက ကာတွန်းထဲက အကောင်လေးတွေကို အပြင်မှာ မြင်နေရသလိုပဲ ချစ်စဖွယ်လေးတွေပါ။

၇။ မြေခွေးပေါက်စလေးတွေ


မြေခွေးပေါက်စလေးတွေကို သင့်ရဲ့ အိမ်မွေးတိရစ္ဆာန်အနေနဲ့ တွေးဖူးလား။ တော်တော် ချစ်ဖို့ကောင်းမှာနော်။

၈။ ရေဘဝဲပေါက်စလေး


ဒီအကောင်ပေါက်လေးက သင့်လက်မှာ လာကပ်နေမှာနော်။ အသည်းယားစရာလေးနေမှာ။

၉။ ရက်ကွန်း ပေါက်စလေး


ဒီအကောင်လေးတွေရဲ့ အကြည့်နဲ့တင် ချစ်စရာလေးလို့ မြင်သွားစေပါတယ်။

၁၀။ ဒရယ်ပေါက်စလေးတွေ


ဒရယ် အကောင်ပေါက် တိုင်းလိုလိုက အဖြူရောင်မဟုတ်ပါဘူး။ ဒီအဖြူကောင်လေးကတော့ ချစ်စရာကောင်းပါတယ်။

Source: HerBeauty.com

By MyStyle Myanmar