အသည်းကွဲတယ်ဆိုတာ ကမ္ဘာကြီးအဆုံးသတ်သွားတာမဟုတ်ပါဘူး။ အသည်းကွဲတယ်ဆိုတာ အချစ်သစ်တစ်ခုရဲ့ အစပျိုးရာ ဖြစ်နိုင်ပါတယ်။ ဒီတော့ သင်က အခုချိန်မှာ အသည်းကွဲနေတယ်ဆိုရင် ဒီနည်းလမ်းတွေကို အမြန်ထလုပ်ပြီး အသည်းကွဲဝေဒနာကို Bye Bye လိုက်ပါတော့-

၁။ လေ့ကျင့်ခန်းလုပ်ပါ


လေ့ကျင့်ခန်းလုပ်တာက ပျော်ရွှင်စေတဲ့ Endorphins ဟော်မုန်းကို ထုတ်လုပ်ပေးပါတယ်။ သူ့အပေါ် မကျေနပ်ချက်တွေကို အားကစားလုပ်ရင်း ဖြေဖျောက်ကြည့်ပါ။ လေ့ကျင့်ခန်းပြီးတာနဲ့ သင့်စိတ်က နဂိုထက် လန်းဆန်းပြီး စိတ်သစ်လူသစ်ဖြစ်လာပါလိမ့်မယ်။

၂။ ရေချိုးပါ


ကိုယ်ကြိုက်တဲ့ အနံ့ ပေါင်းစပ်ထားတဲ့ ဆပ်ပြာအဆီနဲ့ ရေချိုးပါ။ ရေချိုးရင်း ငိုချင်တဲ့ မျက်ရည်တွေပါ တစ်ခါတည်း မြောပါသွားပါစေ။

၃။ သူငယ်ချင်းတွေကို အားကိုးပါ


သင်က အခုမှ Single ဖြစ်ခါစဆိုရင် အားပေးမှုကို လိုအပ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေရဲ့ အားပေးပံ့ပိုးမှုက သင့်ကိုုယ်သင် အဆိုးမြင်စိတ်ကို သက်သာစေပါတယ်။ သူငယ်ချင်းတွေက သင်ဟာ တအားလှတဲ့ တအားကြည့်ကောင်းတဲ့သူတစ်ယောက်ဖြစ်ကြောင်း သတိရစေပါလိမ့်မယ်။

၄။ ဝါသနာအသစ်


အရင်က “တို့နှစ်ယောက်” အတူဆိုတဲ့စကားကနေ အခုတော့ “ငါ”ဆိုတဲ့ စကားဖြစ်သွားပါပြီ။ “ငါတစ်ယောက်တည်း”အတွက် အလုပ်ပိုကြိုးစားရပါတော့မယ်။ ဒီတော့ ကိုယ်သဘောကျတဲ့ဝါသနာအသစ်တွေကို ရှာဖွေပါ။ ဝါသနာပါရာတွေလုပ်ရင်းသူ့ကို ခေါက်ထားလိုက်ပါ။

၅။ Social Media မသုံးပါနဲ့


သင့်ရည်းစားဟောင်းကို လိုင်းပေါ်မှာ ဘလော့မယ့်အစား ကိုယ်တိုင် Social Media ကနေ ခဏပျောက်သွားလိုက်ပါ။ လိုင်းပေါ်က တခြားပျော်နေတဲ့ စုံတွဲတွေ၊ သင့်ရည်းစားဟောင်းရဲ့ ပုံတွေ ကြည့်မယ့်အစား ခဏတဖြုတ်အနားယူလိုက်ပါ။

၆။ အစားအသောက်ပုံစံ


အုတ်ဂျုံ၊ ငှက်ပျောသီး၊ အဆီပါတဲ့ငါး စတဲ့ အစားအစာတွေကိုအစားထိုးစားပါ။ ကိုယ်စားသောက်တဲ့ပုံစံကို ကျန်းမာရေးညီညွတ်တဲ့ဘက် ကူးပြောင်းပါ။

၇။ သင့်ရည်းစားဟောင်းကို မုန်းကြောင်းစာရေးပါ


သင့်ကို အသည်းခွဲခဲ့တဲ့ ရည်းစားဟောင်းမကောင်းကြောင်းကို စာရေးပါ။ ဒီစာရွက်ကို မီးရှို့ပစ်လိုက်ပါ။ ကိုယ့်ရဲ့ အဆိုးမြင်စိတ်တွေ ခံစားချက်တွေ ဒီထဲ ပါသွားပါစေ။

၈။ ခရီးထွက်ပါ


သင်တို့ အတူသွားခဲ့တဲ့နေရာတွေကို ထပ်ခါထပ်ခါ မြင်နေရတာကသင့်ရဲ့ အဆွေးစိတ်ကို မြှင့်တင်ပေးရာရောက်ပါတယ်။ ဒါကြောင့် နေရာသစ်တစ်ခုကို သွားရင်း ကိုယ့်စိတ်ကို ငြိမ်းချမ်းအောင် ထားပေးပါ။

၉။ စိတ်အေးချမ်းအောင်ထားပါ


တရားထိုင်တာ၊ ပန်းချီဆွဲတာ၊ ယောဂကျင့်တာ၊ စာအုပ်ဖတ်တာ စတဲ့ စိတ်အေးချမ်းစေတဲ့အရာတွေကို အတိုးချလုပ်ပေးပါ။ တဖြညး်ဖြည်းနဲ့ သူ့ကို ခွင့်လွတ်နိုင်လာပါလိမ့်မယ်။

၁၀။ Single ဘဝကို ချစ်မြတ်နိုးပါ


တစ်ယောက်တည်းနေရတဲ့ဘဝက လွတ်လပ်ပါတယ်။ အထူးသဖြင့် အသည်းကွဲပြီးနောက် ပိုပြီးလွတ်လပ်ပါတယ်။ ရည်းစားမရှိဘူးဆိုပြီး ချက်ချင်း နောက်တစ်ယောက်ကောက်တွဲစရာမလိုပါဘူး။ Single ဘဝမှာ ငမ်းချင်တဲ့သူကို ငမ်းနိုင်ပါတယ်။ သူငယ်ချင်းတွေနဲ့ ကြိုက်သလောက်အပြင်ထွက်နိုင်ပါတယ်။ ကိုယ်ရည်မှန်းတဲ့ပန်းတိုင်ကို တစိုက်မတ်မတ် အာရုံစိုက်နိုင်ပါတယ်။ ဒါကြောင့် Single ဘဝကို ချစ်မြတ်နိုးတန်ဖိုးထားပါနော်။

Source: HerBeauty.co

By MyStyle Myanmar