ဒီတစ်ခါမှာတော့ အပြင်မသွားရလို့ဆိုပြီး ပျင်းနေတဲ့သူတွေ၊ စိတ်ညစ်နေတဲ့သူတွေအတွက် အားတက်စရာလေးဖြစ်သွာအောင် အပြင်မသွားပဲ အိမ်မှာနေခြင်းကြောင့် ရရှိလာမယ့်အကျိုးကျေးဇူးတွေကို ပြောပြပေးလိုက်ပါတယ်။

ကိုယ်ကြိုက်တဲ့ရုပ်ရှင်တွေကြည့်လို့ရမယ်

အရင်ကမအားလို့ ရုပ်ရှင်တောင်မကြည့်ခဲ့ရတာမျိုးတွေရှိရင် အိမ်မှာနေရတဲ့အချိန်မှာ အကုန်စုံအောင်သာ ကြည့်လိုက်ပါ။ အေးဆေးကြည့်ချင်တာ ကြည့်လို့ရပါတယ်။

လေ့ကျင့်ခန်းလုပ်လို့ရမယ်

ဝိတ်ချချင်တဲ့သူတွေ၊ Body လှချင်တဲ့သူတွေဆိုလည်း Gym တောင်သွားစရာမလိုဘူး။ အိမ်မှာအချိန်ပေးပြီး လေ့ကျင့်ခန်း အေးဆေးလုပ်လို့ရမယ်။

စာအုပ်တွေဖတ်လို့ရမယ်

ကိုယ့်အတွက်အကျိုးရှိစေမယ့် စာအုပ်တွေ အများကြီးဖတ်လို့ရမယ်။ အရင်က အလုပ်မအားလို့ စာအုပ်ကို တစ်နေ့တစ်အုပ်တောင် မဖတ်နိုင်ခဲ့တာ အိမ်မှာနေတုန်း စိတ်ကြိုက်ဖတ်နိုင်မယ်။

အိပ်ရေးဝဝအိပ်လို့ရမယ်

အိပ်ရေးဝဝလည်း အိပ်လို့ရမယ်။ အရင်က အိပ်ရေးမဝခဲ့တာတွေတောင် အတိုးချ အိပ်ပစ်လိုက်လို့ရတယ်နော်။

Skincare အေးဆေးလုပ်လို့ရမယ်

အိမ်မှာနေပြီး လှသထက်လှလာအောင် အသားအရေကို သေချာဂရုစိုက်ပြီး Skincare အေးဆေးလုပ်လို့ရမယ်။

ဝါသနာပါတဲ့အရာတွေလုပ်လို့ရမယ်

ဝါသနာပါတဲ့အရာတွေကို အရင်ကမလုပ်ခဲ့ရတာတွေ အိမ်မှာနေတုန်း အေးဆေးလုပ်နိုင်မယ်။

မိသားစုကိုအချိန်ပေးနိုင်မယ်

အရင်က အလုပ်မအားလို့ မိသားစုကို အချိန်မပေးနိုင်ခဲ့တာလည်း အိမ်မှာနေတဲ့အချိန် မိသားစုကို အချိန်ပေးနိုင်လာမယ်။

Photo Source: www.freepik.com