Relationship တစ်ခုမှာ ပြဿနာကတော့ ဖြစ်ကြတာသဘာဝပါပဲ။ ဒီလိုပြဿနာဖြစ်လာတိုင်း စိတ်ဆိုးပြီး ပြတ်မယ်၊ လမ်းခွဲမယ်လုပ်တာထက် ဘယ်လိုဖြေရှင်းရမလဲဆိုတာကို စဉ်းစားသင့်ပါတယ်။

ပြဿနာကိုသေချာအောင်အရင်လုပ်ပါ

ပြဿနာတစ်ခုခုကိုသိလာပြီဆိုတာနဲ့ ဘာမှမသေချာသေးပဲ ပြောဆိုပြီး ရန်ရှာတာမျိုး၊ သောင်းကျန်းတာမျိုး မလုပ်ပါနဲ့။ ပြဿနာကို သေချာအောင်အရင်စုံစမ်းပါ။

သေချာမေးပါ

အရင်ပြဿနာမရှာသေးပဲ သူ့ကိုအရင်မေးပြီး သူပြောတာကို အရင်နားထောင်ပါ။ စိတ်တိုပြီး စိတ်ထဲရှိတဲ့အတိုင်းပြောလိုက်ရင် ပြဿနာတွေပိုကြီးသွားနိုင်ပါတယ်။ ကိုယ့်ချစ်သူအပေါ်မှာ မပြတ်နိုင်ဘူးဆိုရင်တော့ စိတ်ရှည်ရှည်ထားပြီး လုပ်ရမှာပါပဲ။

ဘာလုပ်ရမလဲအရင်စဉ်းစားပါ

သူပြောတဲ့အဖြေကိုကြည့်ပြီး ဘာဆက်လုပ်ရမလဲဆိုတာကို စဉ်းစားပါ။ ပြီးမှဆက်လုပ်ပါ။ ကိုယ်သိထားတာက သေချာနေတယ်။ ဒါပေမယ့် သူ့ဘက်ကလိမ်နေတယ်ဆိုရင်တော့ သေချာခေါင်းအေးအေးထားပြီး ကိုယ်လုပ်သင့်တာကို စဉ်းစားပါ။

ညှိုနှိုင်းပါ

သူ့ဘက်ကလိမ်နေတာမျိုးဆိုရင် တော်တော်များများအတွဲတွေမှာ စိတ်ဆိုးပြီး ပြတ်ကြတာမျိုး ရှိပါတယ်။ တကယ်လို့ ကိုယ့်ဘက်ကမပြတ်နိုင်ဘူးဆိုရင်တော့ နှစ်ယောက်သား ညှိုနှိုင်းရမှာပါပဲ။