တွဲနေပါလျက် စကားပြောနေပါလျက်နဲ့ အခြေအနေက ထင်သလောက် အဆင်မပြေဘူးလို့ တွေးမိနေပြီလား။ ဒီလိုဆိုရင်တော့ သင်သဘောကျတဲ့ သင့်ကောင်လေးနဲ့ သင့်ကြားက ဆက်ဆံရေးကို တဖန်ပြန်ဆန်းစစ်ဖို့ လိုပါပြီ။ လူတစ်ယောက်ကတော့ အခြားလူတစ်ယောက်ကို အသုံးချလို့ရနေသရွေ့ ဆက်အသုံးချမှာပါပဲ။ သင်ကကော သူ့ရဲ့ အပျင်းပြေ ကစားစရာအရုပ်လေးဖြစ်နေပြီလား ဒီအချက်တွေနဲ့ ဆန်းစစ်ကြည့်ပါနော်-

၁။ သူက ရည်းစားမထားချင်ဘူးပြောပေမယ့် သင်သူနဲ့ အပြင်မှာ ချိန်းတွေ့နေမိတယ်


သူက သင်နဲ့ တွေ့တဲ့အချိန် သူရည်းစားမထားချင်သေးဘူး အချစ်အကြောင်း စိတ်မဝင်စားသေးဘူးလို့ ပြောတတ်ပါတယ်။ သင်နဲ့ စကားပြောချင်ရုံ ခင်ချင်ရုံသဘောပြလာပြီဆိုရင် သင်မျှော်လင့်ချက်သိပ်မထားတာကောင်းပါတယ်။ ကောင်လေးတစ်ယောက်က ဒီလိုစကားပြောလာပြီဆိုရင် တကယ်အတည်ပြောနေတာပါ။

၂။ သင်နဲ့ အီစီကလီလုပ်ပေမယ့် အပြင်မှာ ချိန်းတွေ့ဖို့ မတောင်းဆိုတတ်ဘူး


သူက သင်နဲ့ တွေ့ရင် ပျော်တယ်။ ဒီအဆင့်ပဲ ရှိပါတယ်။ တစ်ခါမှလည်း အပြင်မှာတွေ့ဖို့ မတောင်းဆိုရင်တော့ သင်သူ့ကို မေ့သင့်ပါပြီ။

၃။ သူအချစ်စစ်ကို ရှာမတွေ့သေးဘူးလို့ပြောတယ်


သင်က သူ့စကားကို ယုံကြည်ပြီး သင်ဟာ သူချစ်မိတဲ့ ပထမဆုံးကောင်မလေး ဖြစ်ရမယ်လို့ သန္နိဌာန်ချထားပြီလား။ တကယ်လို့ သင်စီမံထားသလို ဖြစ်မလာရင်တော့ ဒါက ခံရခက်မှာပါ။ ဒီတော့ သူမချစ်ဖူးဘူးဆိုတာ ရည်းစားမထားချင်သေးဘူူးလို့ ဆိုလိုတာပါပဲ။

၄။ သင်နဲ့ ဖုန်းထဲမှာ စာပို့နေပေမယ့် သင်နဲ့တွေ့ဖို့အချိန်မရှိဘူူး


သင့်ကို Morning Message လှလှလေးတွေပို့တတ်ပေမယ့် သင်နဲ့ တွေ့ဖို့ အချိန်မရှိဘူးဆိုရင် စဉ်းစားသင့်ပါပြီ။ ဒီလို မက်ဆေ့ပို့တာက သင်တစ်ယောက်တည်းကိုမဟုတ်ဘူးဆိုတာ သေချာသလောက်ပါပဲ။ ဒီလိုလူမျိုးအတွက် သင့်အချိန်တွေကို မကုန်ဆုံးပါစေနဲ့။

၅။ သင်ကတော့ ချိန်းနေပါရဲ့..သူ့ဘက်ကတော့ စချိန်းရကောင်းမှန်းမသိဘူး


သင်က သူနဲ့တွေ့ဖို့ ချိန်းတဲ့အခါ သူလာပါတယ်။ ဒါပေမဲ့ သူ့ဘက်က ဘယ်တော့မှ စမချိန်းပါဘူး။ သင်ကပဲ တက်ကြွတဲ့ ကောင်မလေးဖြစ်နေရပါတယ်။ ဒါဆိုရင်တော့ သူက စိတ်ဝင်စားတာမဟုတ်သေးပါဘူး။

ဒီတော့ ကိုယ့်ကို စိတ်မဝင်စားတဲ့သူ တန်ဖိုးမထားသူအတွက် အချိန်ဖြုန်းနေတာတွေရပ်ပြီး ကိုယ်လုပ်စရာရှိတာဆက်လုပ်ပါနော်။

Photo Source: Pinterest

By MyStyle Myanmar