လှပပြီး ခပ်ထူထူလေးရှိတဲ့ မျက်ခုံးမွှေးမျိုးကို ပျိုမေတိုင်း လိုချင်ကြတယ်မဟုတ်လား။ အခုခေတ်ဆိုရင် မျက်ခုံးမွှေးကို Tattoo ထိုးတာတွေတောင် လုပ်လာကြတာကို တွေ့ရပါတယ်။ ဒါပေမဲ့ သဘာ၀ မျက်ခုံးမွှေးအလှနဲ့ မယှဉ်နိုင်တာကိုတော့ ငြင်းပယ်လို့မရပါဘူး။
အရည်အသွေးညံ့တဲ့ မိတ်ကပ်တွေ လိမ်းတာကြောင့်လည်း မျက်ခုံးမွှေးပါးလာစေပါတယ်။ မျက်ခုံးမွှေးထူထူလေးရဖို့ သဘာဝအတိုင်း မိမိအိမ်မှာ အလွယ်တကူပြုလုပ်နိုင်မဲ့နည်းလမ်းလေးကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
၁။ သံလွင်ဆီ
၂။ သံပုရာသီးတစ်စိပ်
ပြုလုပ်နည်း
၁။ သံပုရာသီး တစ်စိပ်ကို ခွက်တစ်လုံးထဲထည့်ပြီး သံလွင်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်းကနေ ၅ ဇွန်းထိ ထည့်ပါ။
၂။ အဲဒီနောက် ပန်းကန်ပြားတစ်ချပ်နဲ့ အုပ်ပေးထားပြီး ၅ ရက်လောက်ထားပါ။
၃။ အဲဒီအရည်ကို မျက်ခုံးမွှေးပေါ် ညတိုင်းလိမ်းပေးပါ။
၄။ တစ်ညလုံးထားရင်ပိုကောင်းပါတယ်။
အဲဒီလိုမျိုး ၃ ပတ် ၄ ပတ်လောက်လုပ်ပေးပါ။ ပထမ ၁၀ ရက်အတွင်း သိသာတဲ့ ရလဒ်ကောင်းကို ရရှိလာမှာဖြစ်ပါတယ်။