အနေဝေးနေတဲ့ LDRS တွေအတွက် အနေနီးသလိုဖြစ်စေမယ့်အရာတွေနဲ့ အချစ်တွေလျော့မသွားပဲ တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိအောင် စိတ်ချရအောင် ဘယ်လိုတွေလုပ်သင့်လဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။

နေ့တိုင်း Video Call ပြောပါ

နေ့တိုင်း Video Call ပြောမှ တစ်ယောက်နဲ့တစ်ယောက် မျက်နှာမြင်ရမယ်။ မျက်နှာမမြင်ပဲ ဖုန်းပြောရတာ၊ စာရိုက်ပို့ရတာထက်စာရင် Video Call ပြောတာက ပိုပြီးစိတ်ချမ်းသာရတာပေါ့။ အတူတူရှိနေသလိုမျိုး ထမင်းစားတဲ့အခါလည်း Video Call ခေါ်ပြီး တူတူစားလို့ရပါတယ်။ အားတဲ့အချိန်တိုင်းမှာ စာပို့ပါ။ တစ်ခါတစ်လေမှ ဖုန်းပြောတာမျိုးလုံးဝမလုပ်ပါနဲ့။ အနေဝေးနေပေမယ့်လည်း နီးစပ်အောင်နေဖို့က နှစ်ယောက်လုံးအပေါ်မှာပဲ မူတည်ပါတယ်။

ကိုယ်လုပ်သမျှအရာတွေကို အသိပေးပါ

ကိုယ်လုပ်သမျှအရာတွေကို အမြဲအသိပေးပါ။ တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းမှုရှိပြီး ရိုးသားပါ။ ကိုယ်ဘာလုပ်မယ်ဆိုတာကို ချစ်သူကို အသိပေးပါ။ ဒါမှလည်း ယုံကြည်မှုမပျက်မှာပါ။ အနေဝေးနေတဲ့ LDRS တွေအတွက် ယုံကြည်မှုမပျက်စီးသွားဖို့၊ သံသယစိတ်တွေမဖြစ်ဖို့က အရေးအကြီးဆုံးပါပဲ။

အတူတူလုပ်ဆောင်ပါ

နားရက်တွေမှာ တစ်ယောက်ကအပြင်တွေလျှောက်သွားရင် ကိုယ်လည်းသူငယ်ချင်းနဲ့ လျှောက်သွားတာမျိုးလုပ်ပါ။ တစ်ယောက်ထဲမနေပါနဲ့။ အနေဝေးနေပေမယ့်လည်း Exercise တူတူလုပ်လို့ရတာမျိုး၊ အကြောင်းအရာတစ်ခုကို တူတူလုပ်ကြတာမျိုးတွေလုပ်ပြီး အနေနီးသလို နေလို့ရပါတယ်။