ဆံပင်အရမ်းကျွတ်တာမျိုးမဖြစ်ချင်ရင် ခေါင်းလျှော်ပြီးချိန်မှာ မပြုလုပ်ရမယ့်အချက်တွေ ရှိပါတယ်။ ဒီအချက်တွေက ပိုပြီး ဆံပင်ကျွတ်စေတဲ့အတွက် သေချာဂရုစိုက်ဖို့ လိုပါတယ်။

ဆံပင်ကိုကြမ်းကြမ်းတမ်းတမ်းမသုတ်ပါနဲ့

ခေါင်းသုတ်တဲ့အခါမှာ အရမ်းကြမ်းကြမ်းတမ်းတမ်း မသုတ်ပါနဲ့။ ဆံပင်ပိုကျွတ်ပြီး ပျက်စီးစေပါတယ်။ ခေါင်းမသုတ်ပဲလည်း မထားပါနဲ့။ ခေါင်းကို သေချာရေစင်အောင်သုတ်ပါ။

အရေးမကြီးရင် Dryer မသုံးပါနဲ့

Dryer မှုတ်တာက ဆံသားခြောက်သွေ့ပြီး ဖွာစေတယ်၊ ဆံပင်ကျွတ်စေတယ်။ ဒါကြောင့် အပြင်သွားဖို့ အရေးကြီးကိစ္စမရှိရင် Dryer မသုံးပဲ ဒီတိုင်းပဲ ခေါင်းခြောက်အောင် သုတ်ပါ။ Dryer သုံးမယ်ဆိုလည်း အပူနဲ့မသုံးပါနဲ့။ အအေးပဲထားပြီး မှုတ်ပါ။

ဆီမလိမ်းပဲမနေပါနဲ့

ဆီမလိမ်းရင် ဆံသားဖွာပြီး ပျက်စီးတယ်၊ ဆံသားရှုပ်ထွေးပြီး ဆံပင်ပိုကျွတ်စေပါတယ်။ ဒါကြောင့် ခေါင်းလျှော်ပြီး ခြောက်ခါနီးပြီဆိုရင် Hair Coat (သို့) ဗီတာမင်အီး လိမ်းပေးပါ။

ခေါင်းရေစိုနေချိန်မှာ ဆံပင်မဖြီးပါနဲ့

ခေါင်းရေစိုနေတဲ့အချိန်မှာ ဆံပင်လုံးဝမဖြီးပါနဲ့။ အထွေးလိုက်ကျွတ်လာပါလိမ့်မယ်။ ဒါကြောင့် ခေါင်းကိုအရင်ခြောက်အောင်သုတ်ပြီးမှသာ ခေါင်းဖြီးပါ။

ခေါင်းကိုပေါင်းမထားပါနဲ့

ခေါင်းလျှော်ပြီးရင် ခြောက်အောင်မသုတ်ပဲ မျက်နှာသုတ်ပုဝါနဲ့ ခေါင်းကို ပေါင်းထားတာမျိုးမလုပ်ပါနဲ့။ ဆံသားလည်းထိခိုက်စေသလို ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။

Photo Source: www.freepik.com