Mamamoo အဖွဲ့ဆိုတာနဲ့ Kpop Fan တိုင်းသိကြမှာပါ။ Mamamoo အဖွဲ့မှာ အဖွဲ့ဝင်လေးဦးပါဝင်ပြီး တစ်ဦးချင်းစီက အဆိုပိုင်းပိုင်နိုင်ကြပြီး အကမှာလည်း တော်လွန်းသူတွေဖြစ်ပါတယ်။ Mamamoo အဖွဲ့ထဲမှာ အားလုံးသတိထားမိမယ့် Member ကတော့ Hwasa ပါ။ Hwasa က သာမန်ကိုးရီးယားမိန်းကလေးတွေလို အသားဖွေးနေတာမျိုး မဟုတ်ဘဲ အညိုဆင်လေးနဲ့ ဘယ်အချိန်ကြည့်ကြည့် မရိုးနိုင်သူပါ။ သူမက ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိပြီး ကိုယ်ပိုင်စတိုင်ရှိသူဖြစ်ပါတယ်။ ဒါကြောင့်ဒီတစ်ခါမှာတော့ Hwasa ပရိတ်သတ်တွေအတွက် Hwasa ရဲ့ ဖက်ရှင်တွေကို ဖော်ပြလိုက်ပါတယ်။

Kpop Idol တွေထဲမှာ သင်သဘောကျတဲ့သူတွေက ဘယ်သူတွေလဲ ပြောခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar