တချို့ကောင်လေးတွေက ဘယ်လောက်ပဲချစ်ချစ် ချစ်တဲ့အကြောင်းကို အပြင်မှာ ထုတ်မပြောတတ်ကြပါဘူး။ သူတို့ရဲ့အချစ်ကို အလုပ်နဲ့ပဲ လက်တွေ့ပြတတ်ပါတယ်။ ရေခဲတုံးလို အေးစက်လွန်းတော့ တချို့မိန်းကလေးတွေက သူက ငါ့ကို တကယ်ရောချစ်ရဲ့လား ဆိုတဲ့အတွေးဝင်တဲ့ အထိပါပဲ။ ယောကျာ်းလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို တကယ်ချစ်မိသွားရင် ဒီအပြုအမူ (၅) ခု လုပ်တတ်ကြပါတယ်။

၁။ ချစ်သူက ဘယ်လိုပုံစံနေနေချစ်တယ်


ယောကျာ်းလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို တကယ်ချစ်မိသွားရင် ဒီမိန်းကလေးရဲ့ အားနည်းချက်၊ အပြစ်အနာအဆာအကုန်လုံးကို လက်ခံပါတယ်။ ချစ်ရသူရဲ့ အိပ်မက်ကို အပြည့်အဝ ပံ့ပိုးပေးတတ်ပါတယ်။

၂။ ချစ်သူကို ကာကွယ်ပေးတယ်


ကိုယ်ချစ်ရတဲ့မိန်းကလေးရှေ့ကနေ မားမားမတ်မတ် ရပ်တည်တတ်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အရာအားလုံးကို ကာကွယ်ပေးတတ်ပါတယ်။ ချစ်ရသူ စိတ်မညစ်စေဖို့ အမြဲကြိုးစားတတ်ပါတယ်။ သင်စိတ်ညစ်နေတဲ့အချိန် ဟာသပြောပြီး သင်ပျော်အောင် လုပ်တတ်ပါတယ်။

၃။ သင့်အကြံပေးချက် ထင်မြင်ချက်ကို သိချင်တယ်


ကိစ္စတိုင်းကို သူတစ်ယောက်တည်း မဆုံးဖြတ်တတ်ပါဘူး။ ဘယ်လိုကိစ္စပဲဖြစ်ဖြစ် သင့်အမြင်ကိုလည်း နားထောင်ပါတယ်။ သင့်ယူဆချက်ကို အလေးထားပါတယ်။

၄။ သင့်အတွက် သူ့အကျင့်တွေကို ပြင်တယ်


ယောကျာ်းလေးတစ်ယောက် တကယ်ချစ်မိတာနဲ့ ချစ်ရသူက သူတို့ကမ္ဘာမှာ နံပါတ်တစ် ဦးစားပေးပါပဲ။ ဥပမာ သင်က ပစ္စည်းတစ်ခုခုကျန်ခဲ့တယ်ဆိုရင် သူတို့က အလိုက်တသိ ပြန်ယူပေးပါတယ်။ သင်မနေချင်တဲ့နေရာမှာ သူတို့လည်း မနေပါဘူး။

၅။ သင့်ကို လွတ်လပ်ခွင့်ပေးတယ်


သင့်ဘဝအတွက် တိုးတက်ဖို့ ကိစ္စဆိုရင် ယောကျာ်းလေးတစ်ယောက်က အပြည့်အဝနားလည်ပေးပါတယ်။ သင်ဘယ်သူနဲ့ပြောပြော သဝန်မတိုပါဘူး။ ဘဝမှာ ကြုံလာရတဲ့လူတိုင်းနဲ့ အဆင်ပြေအောင် နေရမယ်လို့ သူတို့ နားလည်ထားလို့ပါ။

Photo Source: Pinterest

By MyStyle Myanmar