အခုခေတ်မှာတော့ လူတိုင်းက ဖုန်းကိုင်နေကြတာပါပဲ။ ဒီလို Mobile Phone တွေကြောင့် ချစ်သူရည်းစားတွေကြားမှာ အများဆုံးဖြစ်နေကြတဲ့ ပြဿနာတွေလည်း ရှိပါတယ်။
Social Media
Relationship တစ်ခုရဲ့ အများဆုံးပြဿနာတွေကတော့ Social Media တွေကြောင့်ပဲ အဖြစ်များပါတယ်။ ဖုန်းထဲကနေ Social Media ကို တစ်ချိန်လုံးသုံးပြီး အလွယ်တူဖောက်ပြန်လာတတ်ကြတယ်။ သေးသေးလေးကစလို့ တစ်ယောက်နဲ့တစ်ယောက် သဝန်တို၊ စိတ်မချတွေဖြစ်ပြီး ပြဿနာတွေ တက်ကြတာပါပဲ။
Game
Mobile Phone သိပ်ခေတ်မစားခင်ကလည်း Game တွေဆော့ကြပေမယ့် ဖုန်းတွေလူတိုင်းကိုင်လာတဲ့အချိန်မှာတော့ လိုင်းပေါ်ကနေ Game ဆော့တာတွေက အရမ်းခေတ်စားလာပါတယ်။ ဒီလို Game ကစားလို့၊ အချိန်မပေးနိုင်လို့ဆိုပြီး ပြဿနာတက်ကြတာတွေလည်း အဖြစ်များကြပါတယ်။
အာရုံစိုက်မှု
Mobile Phone တွေ လူတိုင်းကိုင်လာကြတဲ့အခါမှာ တစ်ချိန်လုံး ဖုန်းပဲသုံးနေကြတာများပါတယ်။ ချစ်သူနဲ့သွားတွေ့ရင်လည်း သူ့ရှေ့မှာ ဖုန်းတွေသုံးနေတာမျိုး၊ သူ့ကိုဂရုမစိုက်၊ အလေးမထားပဲ ဖုန်းကိုပဲ အာရုံရောက်နေတာမျိုးတွေကြောင့်လည်း အများဆုံးပြဿနာဖြစ်ကြပါတယ်။ ချစ်သူရည်းစားမှမဟုတ်ပါဘူး။ သူငယ်ချင်းတွေတောင် ချိန်းတွေ့ကြပြီဆိုရင် အရင်လိုတစ်ယောက်နဲ့တစ်ယောက် စကားတွေထိုင်ပြောနေမယ့်အစား ဖုန်းပဲကိုယ်စီကြည့်နေကြတာပဲလေ။
Photo Source: www.freepik.com