တော်တော်များများက ဝိတ်ကျချင်တယ်ဆိုပြီး မဆင်ခြင်မိတာတွေ၊ ဂရုမစိုက်ပဲလုပ်မိနေတာတွေကြောင့် ဝိတ်ပိုတက်လာစေပါတယ်။ ဒါကြောင့် နောက်ပိုင်း သေချာဆင်ခြင်နိုင်ဖို့အတွက် ဝိတ်တက်လာအောင် သင်ကိုယ်တိုင်အများဆုံးလုပ်မိနေတဲ့ အရာတွေကို ပြောပြပေးလိုက်ပါတယ်။
အချိန်ကြာကြာထိုင်တာ
အချိန်ကြာကြာထိုင်နေရတဲ့သူတွေက ဝိတ်ပိုတက်ပါတယ်။ ထမင်းစားပြီးလည်း ထိုင်နေတာမျိုးတွေက ဝိတ်တက်ပြီး အဆီတက်ပါတယ်။ ဗိုက်ခေါက်လည်း ပိုထွက်လာစေပါတယ်။ ဒါကြောင့် အလုပ်က အထိုင်များတဲ့အလုပ်ဆိုလည်း ခဏလောက် လမ်းထထလျှောက်ပေးပါ။
အိပ်ချိန်မလုံလောက်တာ
တစ်နေ့ကို ၈နာရီပြည့်အောင် အိပ်ရပါတယ်။ အိပ်ရေးပျက်တာများလာရင်၊ အိပ်ချိန်မမှန်ရင် ၊ အိပ်ချိန်မလုံလောက်ရင်လည်း ဝိတ်တက်လာပါတယ်။
ညဘက်တွေမှာအစာများများစားတာ
ညဘက်တွေမှာ အစားများများစားတာက ဝိတ်တက်စေပါတယ်။ အထူးသဖြင့် ညလယ်စာထစားတာက ဝိတ်ပိုတက်စေပါတယ်။ ဒီလိုအချိန်တွေမှာ ဗိုက်ဆာရင် သစ်သီးတွေစားတာ အကောင်းဆုံးပါပဲ။
ကယ်လိုရီများတဲ့အချိုရည်တွေသောက်တာ
ကယ်လိုရီများတဲ့ အချိုရည်တွေကို သောက်နေရင်တော့ ဝိတ်တက်လာမှာပါပဲ။
Snacks တွေအရမ်းစားတာ
Snacks တွေအရမ်းစားတာ ဝိတ်တက်၊ အဆီတက်စေပါတယ်။ အခြိုတှေ၊ အဆီအစိမ့ျမြားတာတှကေလည်း ဝိတ်တက်စေပါတယယ်။
Photo Source: www.freepik.com