လူတိုင်းမှာ တစ်ခါတစ်လေတော့ စိတ်ညစ်စရာတွေရှိတာပါပဲ။ အဓိကက နေပျော်အောင် နေတတ်ဖို့ပဲ လိုပါတယ်။ လူတိုင်းကလည်း ပျော်ရွှင်မှုကိုပဲ လိုချင်ကြတာပဲလေ။ ဒါကြောင့် ဘဝမှာ စိတ်ညစ်စရာတွေလျော့လာပြီး ပျော်ရွှင်မှုပိုရလာစေမယ့် နည်းလမ်း ၅ ခု ကို မျှဝေပေးလိုက်ပါတယ်။

စိုးရိမ်မှုမလွန်ကဲပါနဲ့

စိုးရိမ်စိတ်တွေများပြီး စိုးရိမ်မှုလွန်ကဲနေရင် ဘယ်တော့မှ အပြည့်အဝပျော်ရမှာမဟုတ်ပါဘူး။ စိတ်ညစ်စရာမရှိလည်း တွေးပူနေတာ၊ စိုးရိမ်စိတ်များနေတာတွေက ကိုယ့်ကိုယ်ကိုပြန်နှိပ်စက်နေတာပါပဲ။

မျှော်လင့်ချက်မထားပါနဲ့

ဘာကိုပဲဖြစ်ဖြစ် မျှော်လင့်ချက်ကြီးကြီးထားရင် ကိုယ်ပဲ ပိုစိတ်ဒဏ်ရာရတတ်ပါတယ်။ သူများအပေါ်မှာလည်း မျှော်လင့်ချက်မထားပါနဲ့။ မျှော်လင့်ထားပြီးမှ ဖြစ်မလာရင်၊ မျှော်လင့်ချက်တွေ ပျက်စီးသွားရင် ပိုပြီး နာကျင်ရပါတယ်။

အကောင်းမြင်စိတ်ထားပါ

ကိုယ့်ကိုယ်ကိုလည်း အကောင်းမြင်စိတ်ထားပါ။ အကောင်းဘက်ကပဲ တွေးပါ။ အခြားသူတွေအပေါ်မှာလည်း အကောင်းမြင်စိတ်ထားပါ။ ကိုယ့်စိတ်အေးချမ်းပြီး ပျော်ရွှင်ရပါတယ်။

ယုံကြည်မှုရှိပါ

ကိုယ့်ကိုယ်ကို ယုံကြည်မှုထားပါ။ ဘာကိုပဲဖြစ်ဖြစ် လုပ်နိုင်တယ်၊ အဆင်ပြေသွားမယ်ဆိုတဲ့ စိတ်ထားပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေမှ စိုးရိမ်စိတ်တွေလည်း လျော့ကျသွားမှာပါ။

ကိုယ့်ကိုယ်ကိုပိုချစ်ပါ

အရာအားလုံးထက် ကိုယ့်ကိုယ်ကို ပိုချစ်ပါ။ ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ။ အားလုံးထက် ပိုပျော်ရွှင်ရပါလိမ့်မယ်။ သူများကိုချစ်ရင်တောင် နာကျင်ရအုံးမယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုပဲ ပိုချစ်ပါ။

Photo Source: www.pinterest.com