နွေရာသီရောက်လာပြီဆိုတော့ အသားအရေထိခိုက်ပျက်စီးမှုမရှိအောင် ဂရုစိုက်ပေးဖို့ လိုပါတယ်။ ဒါကြောင့် နွေရာသီမှာ မဖြစ်မနေ ဂရုစိုက်လုပ်ပေးရမယ့်အရာတွေကို ပြောပြပေးလိုက်ပါတယ်။

Sunscreen လိမ်းပါ

နွေရာသီမှာ ခရမ်းလွန်ရောင်ခြည်က အရမ်းပြင်းတဲ့အတွက် အသားအရေထိခိုက်ပျက်စီးမှုမရှိအောင် Sunscreen ကို မျက်နှာတင်မကပဲ လည်ပင်း၊ လက်၊ ခြေထောက်တွေပါ လိမ်းပေးပါ။

Lotion လိမ်းပါ

နွေရာသီမှာပူလို့ Lotion မလိမ်းချင်ရင် အေးတဲ့ Lotion လေးတွေ ရွေးလိမ်းပါ။ Lotion လိမ်းမှ အသားအရေက စိုပြည်ပြီး မဲသွားတာမျိုး မဖြစ်မှာပါ။

Scrub လုပ်ပါ

နွေရာသီမှာ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေ အရမ်းကပ်ပါတယ်။ ချွေးလည်းတအားထွက်တဲ့အတွက် ချေးပိတ်တာမျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့် အသားအရေမပျက်စီးပဲ ကြည်နေအောင်၊ ဆဲလ်သေတွေနဲ့ အရေပြားမှာကပ်နေတဲ့ အညစ်အကြေး၊ ချေးတွေစင်ကြယ်သွားအောင် တစ်ပတ်တစ်ခါ Body Scrub, Face Scrub လုပ်ပေးပါ။

အကာအကွယ်နဲ့အပြင်သွားပါ

နွေရာသီမှာအပြင်သွားရင် အကာအကွယ်မပါပဲ မသွားပါနဲ့။ ထီးဆောင်းပါ။ ထီးမပါရင် ဦးထုပ်ဆောင်၊ လက်ရှည်အပါးလေးတွေဝတ်ပါ။ ဒါမှ အသားအရေ ထိခိုက်ပျက်စီးမှုမရှိမှာပါ။

ရေများများသောက်ပါ

ရေများများသောက်မှ အသားအရေလှမှာဖြစ်တာကြောင့် နွေရာသီမှာဆို ရေများများသောက်ဖို့က ပိုအရေးကြီးပါတယ်။ ပုံမှန်သောက်နေကျထက် ရေများများသောက်ပေးပါ။ ဒါမှ ကျန်းမာရေးအတွက်လည်း ကောင်းမှာပါ။

Photo Source: www.freepik.com