ကိုယ့်ကိုယ်ကိုချစ်ပြီး ကိုယ့်ကိုယ်ကိုတန်ဖိုးထားတတ်ဖို့ အရမ်းအရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုချစ်တတ်ရင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေလည်း အများကြီးတိုးတက်လာပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုချစ်အောင် နေထိုင်နိုင်မယ့်နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။
ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ
သူများဂရုစိုက်တာကို မခံချင်ပါနဲ့။ ကိုယ့်ကိုယ်ကိုသာ ဂရုစိုက်ပါ။ လှအောင်နေပါ။ ကျန်းမာအောင်နေပါ။ ကိုယ့်ကိုယ်ကို တန်ဖိုးထားပြီး ကိုယ့်ကိုယ်ကိုပဲ ပိုချစ်ပါ။
ကိုယ့်ကိုယ်ကိုခွင့်လွှတ်ပါ
အမှားလုပ်မိတဲ့အခါမှာ ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်ဖြစ်ပြီး နှိပ်စက်တာမျိုး မလုပ်ပါနဲ့။ ခွင့်လွှတ်ပြီး နောက်တစ်ကြိမ်မဖြစ်အောင် ပြင်ဆင်ပါ။
မနှို်င်းယှဉ်ပါနဲ့
သူများနဲ့ လိုက်ပြီးနှိုင်းယှဉ်နေရင် ကိုယ့်တန်ဖိုးကျပါတယ်။ စိတ်ဓာတ်ကျ၊ အားငယ်တာမျိုးတွေလည်း ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် သူများနဲ့ လိုက်နှိုင်းယှဉ်တာမျိုး မလုပ်ပဲ ကိုယ့်ပုံစံလေးအတိုင်းပဲ အလှဆုံး၊ အကောင်းဆုံးဖြစ်အောင် နေထိုင်ပါ။
ပျော်ပျော်နေပါ
စိတ်ညစ်စရာတွေသိပ်မတွေးပါနဲ့။ ခေါင်းထဲထည့်မထားပါနဲ့။ ပျော်ပျော်နေပြီး ကိုယ့်ကိုယ်ကို အမြဲတိုးတက်အောင် ကြိုးစားနေထိုင်ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။ ကိုယ်တိုင်က ယုံကြည်မှုအပြည့်နဲ့ တိုးတက်အောင်မြင်နေရင်၊ ပြည့်စုံလာရင် ကိုယ့်ကိုယ်ကို ပိုပိုပြီးချစ်တတ်လာပါလိမ့်မယ်။
Photo Source: www.freepik.com